အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )

Start from the beginning
                                    

သို့သော် ဤသည်က အဆုံးမသတ်သေးချေ။ မြင်းထိုင် အနေထားဖြင့် မာန်သွင်းထားသော အမာရွတ်မျက်နှာလီထံသို့ ရှုချန်းက ပြေးဝင်လာပြီး လေထဲ တစ်ပတ်လည် ကန်ချက် ထုတ်ဖော်လိုက်သည်။

အမာရွတ်မျက်နှာလီက ရှောင်ချိန်မရ၊ မရှောင်နိုင်တော့ရာ လက်မောင်းဖြင့်ပင် ထပ်ကာလိုက်ရပြန်သည်။ ကျယ်လောင်သော ဘန်းကနဲ မြည်သံကြီးနှင့်အတူ အမာရွတ်မျက်နှာလီ တစ်ယောက် လက်မောင်းများ အရိုးနေရာလွဲ သွားပြီဟုပင် ခံစား လိုက်ရ၏။

ပြင်းထန်လွန်းသော သက်ရောက်အားက သူ၏ ရင်ဘတ်ကို ဝင်ဆောင့်ချိန် နှာခေါင်းထဲမှ သွေးများပင် လျှံကျလာသည်။ အမာရွတ်မျက်နှာလီ တစ်ယောက် မြေပေါ် ဖင်ထိုင်လဲကျ ပြီးနောက် ဆယ်မီတာကျော် ဖင်ဒရွတ်တိုက် ဆွဲသွားတော့၏။

သူ၏ ဖင်က မီးများ ပွင့်နေသည့်ပမာ ခံစားရပြီး အရည်သွေးကောင်း ခိုင်ခံ့လွန်းသော စစ်ဘက်သုံးဘောင်းဘီရှည် ပင်လျှင် စုတ်ပြဲကုန်သလို သူ၏ တင်ပါးသည်လည်း မထူးမခြားနားပင်။

ပူလောင်နာကျင်သော ခံစားမှုက အမာရွတ်မျက်နှာလီ၏ မျက်နှာကို တွန့်လိမ် ရှုံ့မဲ့ နေစေသည်။ အခြားထိပ်တန်းစစ်သည် များသည်လည်း မြင်ကွင်းကို ကြည့်ကာ ထိတ်လန့် တုန်လှုပ်မိကြသည်။ အမာရွတ်မျက်နှာလီက မည်မျှသန်မာကြောင်း သူတို့ သိထားသည် မဟုတ်ပါလား။ ယခုတော့ ထိုသန်မာပါသည်ဆိုသော သူပင် ရှုချန်း၏ လက်သီးတစ်ချက်ကို ခံနိုင်ရည် မရှိခဲ့။

ဤသူက မည်မျှ အစွမ်းထက် နေရသနည်း။ ထို့အပြင် ဤသည်က ရုန့်ရင်းကြမ်းတမ်းလွန်းသော ခွန်အား သက်သက်ကို ပြသခြင်း ဖြစ်သည်။ တစ်ဖက်သတ် ဖိနှိပ်ထားသော ခွန်အားအောက်တွင် မည်သည့် ဉာဏ်နီဉာဏ်နက် တိုက်ကွက်မှ မလိုအပ်ခဲ့ချေ။

ရှုချန်းက အမာရွတ်မျက်နှာလီထံ ဆက်လက် လျှောက်လှမ်းလာသည့်နောက် အမာရွတ်မျက်နှာလီ တစ်ယောက် ရှုချန်းကို လျှော့မတွက်ဝံ့တော့။ ချက်ချင်းပင် ပတ်ဝန်းကျင်မှ ထိပ်တန်းစစ်သည် ငါးဦးကို လှမ်းအော်ဟစ်လိုက်သည်။

"မင်းတို့ အားလုံး ဒီနေရာမှာ အရှုံးပေးချင်လို့လား.."

ချိုက်စင်းက လက်ထဲမှ ဓားမြှောင်ကို လှမ်းပစ်ရင်း ရုတ်တရက် စတင်လှုပ်ရှားသည်။ ဓားတိုလေးက လရောင်အောက် ငွေရောင်ခပ်ဖျော့ဖျော့ အလင်းပြန်နေပြီး လုပ်ကြံရေးသမား တစ်ဦး၏ အရှိန်ဝါကို ဓားတွင် ခံစားရနိုင်၏။

နတ်နဂါးစစ်သည်Where stories live. Discover now