အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )

Start from the beginning
                                    

အဆုံးသတ်တွင် သူတို့နှစ်ဦးက ကျောချင်းကပ်၍ မတ်တပ်ရပ် နေခဲ့ကြသည်။ ထိုက်ချီ၏ မျက်လုံးထဲတွင် ရှုချန်းက လုံးဝ လှုပ်ရှားခဲ့ခြင်း မရှိပေ။ ရှုချန်းတစ်ယောက် အချိန်မီ မတုန့်ပြန် နိုင်ခဲ့ဟုသာ ထိုက်ချီ တွေးထင်လိုက်မိသည်။ သို့အတွက်ကြောင့် သူက ရှုချန်းကို ကျောပေးထား လျှက်ပင် ဂုဏ်ယူ ဝင့်ကြွားစွာ ပြော၏။

" ငါ မင်းကို ဘာလုပ်လိုက်တာလဲ ဆိုတာ သိလား.."

ထိုက်ချီက ရယ်မောရင်း ဆက်ပြော၏။

"မင်းရဲ့ ကျောရိုး..နဲ့ တခြား သေကွင်းသေကွက် နေရာတွေကို ရိုက်ခဲ့တာပဲ.. အဲ့ နေရာတွေ ထိခိုက်ခံရပြီးရင် မင်းခန္ဓာကိုယ် လှုပ်ရှားလို့ ရတော့မှာ မဟုတ်ဘူး.. မင်းမှာ သံမဏိခန္ဓာကိုယ် ရှိနေရင်တောင် အဆစ်အမြစ်တွေ ဆိုတာ အားနည်းချက် ဖြစ်နေတုန်းပဲ.. ငါ့ခွန်အားက မသန်မာတာ မှန်တယ်... ဒါပေမယ့် အမြန်နှုန်း သက်သက်နဲ့ ရန်သူရဲ့ နောက်ပိုင်းထိ ဝင်ဝင်ပြီး သတ်ဖြတ်နိုင်တာ မဟုတ်ဘူး.. မင်းက ငါ့နာမည်ကို သိပေမယ့် ငါဘာလို့ ကျော်ကြားသလဲ ဆိုတာ မသိဘူးပဲ.. ငါ့ရဲ့ ခွဲစိတ်ခန်းဓား လူသတ်နည်းစနစ်ကို မင်းမသိခဲ့ဘူးပဲ.. ငါ ငယ်ငယ်လေး ကတည်းက ဆေးပညာကို လေ့လာခဲ့တာ.. လူသားခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတိုင်းကို ငါနားလည်တယ်.. ငါ့ကို ဆံချည်မျှင်လေး တစ်မျှင် ပေးရင်တောင် အဲ့တာနဲ့ လူသတ်နိုင်စွမ်း ရှိတယ်ကွ.. မင်းရဲ့ ကျောရိုးမကြီးနဲ့ အဆစ်အမြစ်တွေ ပြိုကျနေတာကို ခံစားမိလား.."

ထိုက်ချီ၏ စကားများကို ကြားလိုက်ပြီးနောက် စစ်ဒေသ(၃) ခေါင်းဆောင်မှာ ကျွင်းတစ်ခု တူး၍ပင် မျက်နှာဝှက်ထားလိုက် ချင်မိသည်။ သူက ထိုအရူးကို မသိသည့် အလား မျက်နှာဝှက်၍ အကြည့်လွှဲသွား၏။

ဖန်သားပြင်ထွက်တွင်တော့ ထိုက်ချီ၏ စကားဆုံးသည်တွင် ရှုချန်းက မေးလိုက်သည်။

"မင်း ပြီးပြီလား.."

သူတို့နှစ်ဦးက ကျောချင်းကပ် ထားဆဲ ဖြစ်ပြီး ထိုက်ချီက ရှုချန်းကို လှည့်မကြည့် သေးပေ။ သူက ဟိတ်ဟန် အပြည့်ဖြင့် ပြောလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now