အပိုင်း - (၂)

412 47 4
                                    

💔💔💔

...................

နောက်တနေ့မနက်ရောက်တဲ့အခါ မင်းသစ္စာမောင်ဟာအိပ်ရာမှနိုးထလာလေသည်။ မနေ့ညကအဝတ်အစားမလဲ၊ရေမချိုးပဲဖြင့် တညလုံးငိုနေခဲ့မိကာ ညသန်းခေါင်ယံလောက်ကျမှသူအိပ်ပျော်သွားခဲ့သည်။ အခုတော့ မျက်နှာထက်၌ခြောက်သွေ့နေသောမျက်ရည်များကကျန်ရှိနေလျက် စိတ်ကမကြည်မလင်ဖြစ်နေတော့သည်။

မင်းသစ္စာမောင်ဟာ လှဲနေရာမှထထိုင်လိုက်ပြီး အခန်းထဲသို့တစ်ချက်ဝေ့ဝဲကာကြည့်လိုက်သည်။ အခန်းထဲတွင်သူသာရှိနေလျက် မနေ့ညကထွက်သွားသောတစ်ယောက်သောသူပြန်ရောက်နေသည့် အငွေ့အသတ်တို့ကိုမခံစားမိချေ။ မင်းသစ္စာမောင်ရဲ့စိတ်တို့ပို၍မကြည်မလင်ဖြစ်လို့လာကာ ခုတင်ပေါ်မှဆင်းလိုက်ပြီး အခန်းပြင်သို့ထွက်လာလိုက်သည်။

လှေကားထစ်တိုင်းဆင်းလာရင်း အောက်ထပ်တွင် သန့်ရှင်းရေးလုပ်နေသောအစေခံမလေးအားမြင်တဲ့အခါ မင်းသစ္စာမောင်ကမေးလိုက်သည်။

"သဇင်..ကိုကိုပြန်ရောက်လာတာတွေ့သေးလား?"

သဇင်ဆိုတာအစေခံမလေး၏နာမည်ဖြစ်သည်။

အစေခံမလေးက အလုပ်ကိုရပ်ကာ ခေါင်းကိုယမ်းပြလာပြီး သူ(မ)မတွေ့မိကြောင်းပြန်ပြောလာသည်။ မင်းသစ္စာမောင်ရဲ့မျက်ခုံးနှစ်ခုကထိစပ်လုမတတ်ဖြစ်သွားကာ အစေခံမလေးကိုအလုပ်ဆက်လုပ်ရန်မှာကြားပြီး အပေါ်ထပ်သို့ဆောင့်အောင့်ကာတက်သွားလျက် သူ့အခန်းထဲသို့ပြန်ဝင်သွားလိုက်သည်။

အစေခံမလေးကတော့ ဘာလို့သူ(မ)ရဲ့အကိုလေးကသူ့အမျိုးသားကိုသူ(မ)ဆီလာမေးမြန်းရတာလဲဆိုတာ နားမလည်ဖြစ်လို့နေလေသည်။ အကိုလေးရဲ့အမျိုးသားကအကိုလေးနဲ့ တညတာလုံးအတူရှိနေတာပဲမဟုတ်ဘူးလား။

အခန်းထဲတွင်မင်းသစ္စာမောင်တစ်ယောက် မျက်နှာသစ်ရေစင်တွင်လက်နှစ်ဖက်ကိုထောက်ထားကာ မှန်ရှေ့တွင်ရပ်နေသည်။ မှန်ထဲမှမက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းတစ်စုံကနီရဲနေပြီး နှာတံရှည်ရှည်ကဖြောင့်စင်းလျက်၊ မရဲတရဲနှုတ်ခမ်းပါးတစ်စုံ၏ထောင့်တို့ဟာ အောက်သို့ခပ်ပြေပြေမဲ့ကျနေသည်၊ နူးညံ့သောမျက်နှာလေးဟာဒေါသဖြင့်အံကြိတ်ထားသလို ခက်ထန်မှုတို့ကကိန်းအောင်းနေလျက် မာနကြီးသောအလှလေးသဖွယ်..။ သူ့ရဲ့ခပ်ကောက်ကောက်ဆံနွယ်အနက်ရောင်တို့က စုတ်ဖွာဖွာဖြစ်နေလျက် မျက်နှာထက်သို့ဆံပင်လှိုင်းများကကျဆင်းလို့နေသည်။

| My husband hates me | ongoingWhere stories live. Discover now