အပိုင်း - (၅)

139 19 2
                                    

🥀🥀🥀

ဒေါက် ဒေါက် ဒေါက်

"ညီလေး ကိုကြီးဝင်လာပြီနော်.."

တံခါးခေါက်လိုက်ပြီး အသံပေးကာတံခါးဖွင့်၍အခန်းထဲသို့ဝင်သွားလိုက်စဥ် ရုတ်တရက်သူ့ဆီပျဲဝဲလာသော ခေါင်းအုံးကိုမြင်တော့ အမြန်ဆုံးရှောင်တိမ်းလိုက်သည်။

ထိုနောက် ထိုခေါင်းအုံးကိုကောက်လိုက်ပြီး သူ့ညီငယ်လေးဆီသို့လျှောက်သွားလိုက်၏။ အခန်းကရှူပ်ယှက်ခတ်လို့နေပြီး ဖန်နှင့်ကြွေကွဲစတွေကလည်း နေရာတကာမှာရှိနေလေသည်။ ခုံတွေလည်းမှောက်ခုံဖြစ်နေပြီး အဝတ်ဗီရိုထဲကအဝတ်အစားတွေကလည်း ကြမ်းပြင်မှာပွစာလန်နေတော့သည်။

မင်းသစ္စာမောင်ကသူ့အစ်ကိုကိုမြင်တော့ အံ့သြသွားလေသည်။

"ကိုကြီး..ဘယ်ကတည်းကရောက်နေတာလဲ?"

"ခုလေးတင်ပဲရောက်နေတာ၊ညီလေး မင်းဘာတွေဖြစ်နေတာလဲ.."

မင်းသစ္စာမောင်ကဘာမှမပြောချေ၊သူကခုတင်ပေါ်ကအဝတ်အချို့ကိုဖယ်လိုက်ပြီး ထိုနေရာမှာဝင်ထိုင်လိုက်ကာ လက်သီးနှစ်ဖက်ကိုဆုတ်ထွေးလိုက်သည်။ သူ့ပုံစံကစိတ်ဓာတ်ကျနေပုံပေါ်ပြီး စိတ်တစုတစည်းတည်းရှိနေပုံမပေါ်ချေ။

မင်းသစ္စာမောင်ရဲ့အစ်ကိုဟာ ခေါင်းအုံးကိုခုတင်ပေါ်တင်လိုက်ပြီး သူ့ညီလေးဘေးတွင်ဝင်ထိုင်လိုက်သည်။ ထိုနောက် သူ့ညီလေးရဲ့ပုခုံးပေါ်လက်တင်လိုက်ပြီး..

"တစ်ခုခုဖြစ်နေရင်လည်း ကိုကြီးကိုပြောပြလေ၊ ဒါမှ ကိုကြီးကကူညီပေးနိုင်မှာပေါ့"

"...."

"ဟမ်း..အမေကမင်းတို့အဆင်ပြေလားဆိုပြီးလာကြည့်ခိုင်းတာ၊အခုတော့ တစ်ယောက်ကအိမ်မှာမရှိဘူး..တစ်ယောက်ကျပြန်တော့လည်း ပစ္စည်းတွေရိုက်ခွဲပြီး စိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့..အခုမြင်တဲ့အခြေအနေကိုပဲ အမေ့ကိုကိုကြီးပြန်ပြောပြလိုက်တော့မယ်နော်..ကဲ"

မင်းသစ္စာမောင်မျက်နှာပျက်သွားတော့သည်။အမေ့ကိုသာကိုကြီးသွားပြောရင် အမေကသူ့ကို၊ကိုကိုနဲ့ကွာရှင်းခိုင်းလိမ့်မည်။ ထွက်သွားဖို့လုပ်နေသောကိုကြီးအား မင်းသစ္စာမောင်ကလက်မောင်းမှဆောင့်ဆွဲကာတားလိုက်သည်။ ညီဖြစ်သူရဲ့အားကြောင့် ကိုကြီးမှာခုတင်ပေါ်ပြန်ထိုင်ကျသွားသည်။

You've reached the end of published parts.

⏰ Last updated: May 14 ⏰

Add this story to your Library to get notified about new parts!

| My husband hates me | ongoingWhere stories live. Discover now