အပိုင်း - (၃)

193 21 2
                                    

🥀🥀🥀

နှစ်ယောက်စလုံးထမင်းစားသောက်ပြီးသည့်နောက် မင်းသစ္စာမောင်ဟာ ပန်းကန်တွေကိုသိမ်းဆည်းလိုက်သည်။ထိုနောက် ထွက်သွားဖို့ပြင်နေသောကိုကို့ကိုကြည့်ပြီး အချိန်မီလှမ်းတားလိုက်သည်။

"ကိုကို မသွားပါနဲ့ဦး..အသီးစားသွားဦးလေ"

"မစားဘူး"

"ဖရဲသီးနဲ့စပျစ်သီးလည်းပါတယ်နော်.."

"ပြီးရော"

ချက်ချင်းပြောင်းလဲသွားပြီး ဧည့်ခန်းဖက်သို့ထွက်သွားသော ကိုကိုကြောင့် မင်းသစ္စာမောင်မှာရယ်မိတော့သည်။ ကိုကိုကအသီးထဲမှာ ဖရဲသီးနှင့်စပျစ်သီးကိုအရမ်းကြိုက်တတ်သည်အား သူသိထားသည်။ ဒီအချက်နှင့်ပဲ ကိုကိုထွက်မသွားရအောင်လို့ သူဆွဲထားနိုင်လိုက်သည်။

မင်းသစ္စာမောင်ဟာ ပန်းကန်တစ်ချက်ယူပြီး အစကတည်းကလှီးထားကာ ရေခဲသေတ္တာထဲ၌ပန်းကန်ဖြင့်သေချာထည့်ထားသောဖရဲသီးကိုထုတ်ယူလိုက်ပြီးနောက် စပျစ်သီးတို့ကိုယူကာရေဆေးလိုက်ပြီး သတ်သတ်ပန်းကန်တစ်ချက်ထဲ၌ဖရဲသီးနှင့်အတူတူထည့်လိုက်ပြီး ပန်းသီးတစ်လုံးနှင့်အသီးလှီးသောဓားလေးကိုယူကာပန်းကန်ပေါ်တင်ထားလိုက်သည်။ ထိုနောက် အသီးပန်ကန်ကိုကိုင်ဆောင်လျက် ဧည့်ခန်းဆီသို့လျှောက်သွားလိုက်တော့သည်။

ဧည့်ခန်းသို့သူရောက်လာတော့ ကိုကိုကဆိုဖာတွင်ခြေချိတ်ကာထိုင်နေပြီး ဖုန်းသုံးနေသည်ကိုမြင်လိုက်ရသည်။ သူလည်းကိုကို့လေးမှာဝင်ထိုင်လိုက်ပြီး အသီးပန်းကန်ကို ကိုကို့ရှေ့တွင်ချပေးလိုက်သည်။ ထိုအခါ ကိုကိုကဖရဲသီးတစ်စိတ်ကိုခရင်းဖြင့်ထိုးယူကာ တလုတ်ထဲအကုန်ပါးစပ်ထဲထည့်ပြီးစားတော့သည်။

ထိုအပြုအမူကြောင့် မင်းသစ္စာမောင်မှာသဘောကျစွာပြုံးပြီးကြည့်နေမိသည်။ မင်းသစ္စာမောင်လည်း ပန်းသီးကိုယူလိုက်ပြီး အသီးလှီးဓားကိုယူကာ ပန်းသီးအခွံနွှာနေလိုက်သည်။

"ကိုကို..ဒီနေ့ဘယ်မှသွားစရာမရှိရင် ကျွန်တော်နဲ့တစ်နေရာရာကိုလိုက်ခဲ့ပေးပါလား။ နောက်တစ်ရက်ကျော်မှာ အမေတို့ကိုသွားတွေ့မလို့ လက်ဆောင်တွေဝယ်သွားချင်လို့လေ၊ ကိုကို့မေမေအတွက်လည်းပါတော့ မေမေ့အကြိုက်ကို ကိုကိုကပိုသိမှာဆိုတော့..လိုက်ရွေးပေးလေနော်"

| My husband hates me | ongoingWhere stories live. Discover now