47. ကောင်းကင်မှာလင်းတဲ့ကြယ်

Começar do início
                                    

တိုက်တိုက်ဆိုင်ဆိုင် လမ်းခုလတ်၌ ဆောင်ဟွန်းတို့ရှိရာသို့ လာရောက်ပူးပေါင်းသော ဂျုံဆောင်း၏တပ်ဖွဲနှင့်ဆုံမိသည်။
တပ်ဖွဲ့အချို့ကို ဆောင်ဟွန်းတို့လောလောလတ်လတ်စခန်းချနေသောနေရာသို့ သွားစေပြီး ဂျုံဆောင်း၊ဂျောင်ဝန်းနှင့် တပ်ဖွဲ့အချို့ကတော့ ဆောင်ဟွန်းနှင့်လိုက်လာခဲ့သည်။
.
.

မီးခိုးအူနေသောရွာနှစ်ရွာကို လှမ်းမြင်နေရပြီ။

အဆိပ်ဖြေဆေးမှာ ဆောင်ဟွန်းတို့လူစုအတွက်သာလုံလောက်တာမို့ နောက်မှလိုက်လာသော ဂျုံဆောင်းတို့အဖွဲ့ကို မီးခိုးငွေ့တွေနှင့်ဝေးရာ ရွာအပြင်မှာ စောင့်နေစေပြီး ရွာကိုဝိုင်းထားစေသည်။

ရွာထဲမှ ဒယိမ်းဒယိုင်ထွက်လာသော ဆောင်ဟွန်းတို့တပ်သားအချို့မှာ ရွာပြင်သို့ရောက်သည်နှင့် လဲကျကုန်ကြသည်ကိုတွေ့ရတော့ ဆောင်ဟွန်း ဟုန်ရှစ်အတွက် ပို၍စိုးရိမ်သွားသည်။

ရွာထဲသို့ ဝင်ကာ တွေ့သမျှရန်သူ့စစ်သည်များကို ရှင်းလင်းပြီးနောက် ရွာလယ်အရောက်တွင်တော့ ရင်ဘတ်မှာ ဓားတစ်ချောင်းစိုက်ဝင်ကာ ဒူးထောက်ကျ​နေသောဟုန်ရှစ်ကိုတွေ့လိုက်ရသည်။

ဆောင်ဟွန်းအလျှင်အမြန်ပြေးပွေ့လိုက်ချိန်မှာ ဟုန်ရှစ်သတိရှိနေသေးသည်။
သို့သော် ဓားက ဘယ်ဘက်ရင်အုံမှာ တည့်တည့် စိုက်ဝင်နေတာကြောင့် မျှော်လင့်ချက်မရှိတော့ပေ။

" ဟုန်ရှစ်"

ရင်ထဲမှာဆို့နင့်ကြေကွဲမှုအပြည့်နဲ့ခေါ်လိုက်တော့ ဟုန်ရှစ်ဆီမှ " ဆောင်ဟွန်းဟျောင်း" ဟူသောအသံလေးထွက်လာသည်။

ဟုန်ရှစ်က သူ့ကို အကိုရင်းတစ်ယောက်လိုအမြဲသဘောထားပြီးချစ်ရှာတာကို ဆောင်ဟွန်းသိသည်။

ဂိုဂူလျောကိုပြန်ရောက်ကတည်းက တိုက်ပွဲတိုင်းတွင် သူနှင့်အတူ သေဖော်သေဖက်အဖြစ် ကျောချင်းကပ်ကာ ရန်သူစစ်တပ်များကိုအတူတကွ တိုက်ခိုက်လာခဲ့ကြတာမို့ဆောင်ဟွန်းက ဟုန်ရှစ်ကို အယုံကြည်ဆုံးဖြစ်သည်။

အခုတော့ မနက်ကမှ အားမာန်အပြည့်ဖြင့်စခန်းကထွက်သွားသော ဟုန်ရှစ်မှာ ဆောင်ဟွန်းနှင့်ပြန်တွေ့သည့်ညနေစောင်းအချိန်တွင် ရင်ဘတ်၌ဓားတစ်ချောင်းစိုက်ဝင်နေခဲ့ချေပြီ။

Majestic Love Story In Dae Goguyeo Onde histórias criam vida. Descubra agora