37.ပါရမီဖြည့်ဖက်

345 63 16
                                    

" စစ်နိုင်ကျောက်တိုင်ဖြိုချမယ့်အမိန့်ကို ပြန်ရုပ်သိမ်းပေးတော်မူပါအရှင်မင်းကြီး "

စာသင်သားများ၏ဆန္ဒပြမှုမှာ စစ်သည်အင်အားများစွာသုံး၍ဖြိုခွင်းသော်လည်း အရှိန်လျော့မသွားဘဲ ပို၍ပင် တိုးလာချေသည်။

ပြည်သူပြည်သားအများစုမှာလည်း စာသင်သားများကိုထောက်ခံအားပေးကြပြီး ဘုရင်ကိုကဲ့ရဲ့အပြစ်တင်ကြသည်။

" ဘုရင်က သူ့နေရာတည်မြဲဖို့ စစ်မတိုက်ရဖို့အတွက်  နိုင်ငံကို ထန်ဧကရာဇ်ဆီ ထိုးအပ်နေတာပဲ။"

" တကယ်တော့ဘုရင်က ဉာဏ်နည်းတယ်ရောင်းရင်းရဲ့။

သူ့နောက်မှာ မြေခွေးအိုကြီးတွေက ချုပ်ကိုင်နေကြတာ။

သေနာပတိချုပ်ရယ် အမတ်ချုပ်ကြီးရယ် တိုင်ပင်ခံအမတ်ကြီးရယ် နောက်ပြီး မျိုးနွယ်စု အကြီးအကဲခေါင်းဆောင်တွေရောပေါ့ ။

ဒီအဘိုးကြီးတွေက ဘုရင်ကိုအိတ်ကပ်ထဲထည့်ပြီး နိုင်ငံရေးကို သူတို့လိုသလိုကစားနေကြတာ။

သူတို့အကျိုးအမြတ်ရဖို့ပဲ ဦးတည်​နေကြတာပဲ။

တစ်နိုင်ငံလုံး အဆင်ပြေရေးထက် သူတို့လူတစ်စုကောင်းစားရေးကိုပဲဦးစားပေးတာမို့ ဘယ်လိုမှ လက်ခံချင်စရာမရှိပေဘူး။

ပြည်သူတွေဘက်မှာ ရပ်တည်တာ စစ်သူကြီးချုပ်နဲ့သူ့ရဲ့ဂျိုဝီတွေပဲရှိတယ်။

အဲဒီတော့ ကျုပ်တို့က စစ်သူကြီးချုပ်ကို ထောက်ခံပြီးအားကိုးရမှာပဲဗျ"

အခုတလော ဂိုဂူလျောမြို့တော် ဖြောင်းယန်းမှာ သာမက နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြပွဲအကြောင်းနှင့်ဉာဏ်နည်းသောဘုရင်အကြောင်းက ရေပန်းစားလျက်ရှိသည်။

" ရောင်းရင်းပဲစဥ်းစားကြည့် ထန်နိုင်ငံကအခုမှအ​ခြေတည်ဖို့ကြိုးစားနေတုန်း ၊ ဒိုးဂေါလ်အရေးနဲ့ မအားလပ်နိုင်အောင်ရှိနေတုန်းကို ကျုပ်တို့ဘုရင်က ဘာကြောင့် မျက်နှာလိုအားရနဲ့ လက်အောက်ခံကြောင်းသွားပြောသလဲ။

ဒါက တော်တော်ကြီးကိုရှက်ဖို့ကောင်းနေပြီကို
ဒီမှာရပ်တန့်မသွားဘဲ ပညာရေး ဘာသာရေး အားလုံးကိုထန်နိုင်ငံရဲ့လမ်းစဥ်အတိုင်းလိုက်ပါမယ်လို့ လက်ခံလိုက်တာ ဘယ်လောက်တောင်အဆင်ခြင်မဲ့တဲ့လုပ်ရပ်လဲ။ "

Majestic Love Story In Dae Goguyeo Where stories live. Discover now