23.သေရွာပြန်

411 74 22
                                    

စစ်ပွဲမှာနိုင်သွားပြီဖြစ်ပေမယ့် နောက်ထပ် ထပ်မံပုန်ကန်ဖို့မလုပ်ဆောင်ရဲအောင် အရေးယူဆောင်ရွက်စရာရှိတာများကိုပြီးပြတ်အောင်ဆောင်ရွက်ရသည်။

ထို့နောက်ရက်အနည်းငယ်နေမှရောက်လာသော လက်ထောက်စစ်သူကြီးမန်းဘို့ဦးဆောင်လာသည့်သိန်းချီစစ်သည်များထဲမှအချို့တစ်ဝက်ကို
အစောင့်နေဖြင့် ခံတပ်မှာတာဝန်ချထားခဲ့ပြီးနောက် မြို့တော်သို့အပြန်ခရီးစတင်ခဲ့ချေပြီ။

နေ့ညမနားချီလာပြီး လမ်းတစ်ဝက်အရောက်တွင်တော့ နီးစပ်ရာမြို့မှ သက်ဆိုင်ရာမြို့တော်ဝန်ကို အသိပေးပြီး မြို့ထဲရှိစစ်စခန်းတွင် ခရီးတစ်ထောက်နားခဲ့သည်။

စခန်းချကာနားနေရင်း ဟုန်ရှစ်နဲ့အတူ သူလျှိုအကြောင်းပြောနေချိန် အခန်းအပြင်မှ တစ်ခုခုလဲပြိုသံနဲ့အတူ လူသံကြားလိုက်ရတာကြောင့်အပြင်ထွက်ကြည့်လိုက်မိတော့
လက်ထောက်စစ်သူကြီး မန်းဘို့က စစ်သည်ငယ်နှစ်ဦးကိုငေါက်ငမ်းနေတာတွေ့လိုက်ရတော့သည်။

" ဘာတွေဖြစ်နေကြတာလဲ "
ဟုန်ရှစ်၏အမေးကြောင့် စစ်သည်ငယ်လေးနှစ်ယောက်မှာ မျက်နှာငယ်လေးဖြင့် ဆောင်ဟွန်းတို့ရှိရာသို့လှမ်းကာအရိုအသေပေးသည်။

" ဒီကောင်တွေ ဆီမီးတိုင်တွေအတွက် လောင်စာဆီလိုက်ဖြည့်ရင်းနဲ့ စစ်သူကြီးချုပ်အခန်းရှေ့မှာမှ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြပြိး လောင်စာဆီတွေမှောက်ကုန်လို့ မာန်မဲနေတာပါ စိတ်မပူပါနဲ့ကျွန်တော်ရှင်းခိုင်းလိုက်ပါမယ်"

မန်းဘို့က အကျိုးအကြောင်းလှမ်းပြောပြပြီးနောက်
စစ်သည်ငယ်နှစ်ဦးကိုခေါ်ကာထွက်သွားလေတော့သည်။ အခန်းအပြင်မှာတော့ မှောက်သွားတဲ့လောင်စာဆီများက အတော်အတန်ပင်များကာ အနံ့များလှိုင်လှိုင်ထလျက်ရှိသည်။

ထိုညက ညစာအတန်ငယ်နောက်ကျမှရောက်လာသည်။
ဆောင်ဟွန်းက စစ်မှတ်တမ်းရေးရင်း ဆောနူးထည့်ပေးတဲ့ရိက္ခာခြောက်လေးတွေထဲမှ သစ်သီးယိုလေးတွေစားထားတာကြောင့်ဗိုက်မဆာသေးသော်လည်း ဟုန်ရှစ်မှာတော့ ဗိုက်ဆာတာကြောင့် ဆောင်ဟွန်းအနားမှာကူညီနေရင်းက ညစာလာပို့မည်ကို
လည်တမျှော်မျှော်စောင့်နေခဲ့တာဖြစ်သည်။

Majestic Love Story In Dae Goguyeo Место, где живут истории. Откройте их для себя