13.ထူးဆန်းသော မင်္ဂလာလက်ဖွဲ့

371 73 17
                                    

နန်းတော်ရှေ့မှာ ဝက်တပ်ကြီးနဲ့အရက်စည်ကြီးတွေနဲ့အတူ ချီတက်လာသောစစ်သူကြီးချုပ်ကြောင့် နန်းတော်တံခါးစောင့်တို့မှာ နန်းတော်ထဲသို့ ပေးဝင်ရနိုးမဝင်ရနိုးဖြင့် ယောင်လည်လည်ဖြစ်နေတာကြောင့် နန်းစောင့်တပ်မှူးကိုယ်တိုင်လာကြည့်ကာ အရှင်မင်းကြီးထံသွားရောက်တင်ပြရသည်။

" အရှင်မင်းကြီး နန်းတော်တံခါးပေါက်မှာ စစ်သူကြီးက ဝင်ခွင့်တောင်းနေပါတယ် အဲဒါ"

" တယ် ဒီငမိုက်သားများ စစ်သူကြီးချုပ်ကဝင်ခွင့်တောင်းနေရင် ဝင်ခွင့်ပေးလိုက်လေ ဘာကြောင့်တွန့်ဆုတ်နေရတာလဲ "

" ပြသနာက ဝက် ဝက် တွေပါဘုရား "

စကားတွေထစ်ကာလိုရင်းမရောက်သော နန်းစောင့်တပ်မှူးကိုကြည့်ကာ အရှင်မင်းကြီးမှာ စိတ်မရှည်တော့ပေ။

" ဒီငမိုက်သားကတော့ ပြောစရာရှိတာ မြန်မြန်ပြောလေ ဘာ ဝက်လဲ"

" စစ်သူကြီးချုပ်က ဝက်တွေ အုပ်လိုက်ကြီးရယ် မရေမတွက်နိုင်တဲ့ အရက်စည်တွေရယ် သယ်လာတာကြောင့်ပါအရှင်မင်းကြီး "

ထိုအခါမှ အရှင်မင်းကြီးကသဘောကျသွားပြီး ခေါင်းကိုတငြိမ့်ငြိမ့်လုပ်နေသည်။

" စစ်သူကြီးချုပ်ပီသပါပေတယ် မင်္ဂလာပွဲကိုလည်း
မတတ်သာဘဲလက်ခံလိုက်ရတယ် နန်းတော်ကတင်တောင်းပစ္စည်းကိုလည်းလက်မခံချင်ဘူးဆိုတာကို ပြချင်လို့ ဒီကပို့လိုက်တဲ့ပမာဏထက်ပိုများတာကိုယူလာခဲ့တာပဲ ဟားဟားဟား"

အရှင်မင်းကြီးကတော့ ရယ်မောနေနိုင်ပေမယ့် စစ်သူကြီးခေါ်လာတဲ့ဝက်တွေသောင်းကျန်းတာကြောင့် နန်းတွင်းမှာတော့ အထိန်းတော်နန်းတွင်းသူတွေ ပြာယာခတ်ကာ ရှင်းလင်းရတော့သည်။

.....

"ကျွန်တော် ဒီမင်္ဂလာပွဲကိုလက်မခံနိုင်ပါဘူး မယ်တော်။
မယ်တော်သိတဲ့အတိုင်းပဲ
ကျွန်တော့်ကြောင့် ဒီလူကိုနှစ်ခါမြောက်ကံဆိုးစေမှာ မလိုချင်ဘူး"

မြို့စွန်က အိမ်တော်အထိ တကူးတက ရောက်လာပြီးမင်္ဂလာပွဲအကြောင်းလာပြောတဲ့မယ်တော်ကို ယတိပြတ်ငြင်းဆိုလိုက်သည်။

Majestic Love Story In Dae Goguyeo Unde poveștirile trăiesc. Descoperă acum