183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်

Start from the beginning
                                    

မို့ရွှီတုန်းသည် လန်ချိလု၏ မျက်နှာပေါ်ရှိ ပြောင်းလဲမှုဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်ပြီး သူ့ကိုယ်သူ ပြုံးလိုက်သည်။ ထိုနောက် သူမသည် သူ့အဖေကို အာရုံပြန်စိုက်ပြီး အပြုံးလေးဖြင့် ညင်သာစွာပြောသည် “ဖေဖေ စိတ်မပူပါနဲ့ ၊ မနေ့ညက အိပ်ယာဝင်တာ နောက်ကျတာ ဖြစ်ကောင်းဖြစ်နိုင်လို့ စည်းကမ်းကို မလွန်ဆန်ဝံ့ပါဘူး၊ ဒါပေမယ့် သမီး မင်းသမီးလေးနဲ့ ခဏလောက် စကားစမြည်ပြောဖြစ်တယ်။အဲဒါကြောင့် ဝေဒနာ က ပြန်လည်သက်သာလာပါပြီ ၊ အခုတော့ ပြန်ကောင်းလာလုနီးပါး ဖြစ်နေပြီ ၊ အားလုံး ပြန်ကောင်းလာဖို့ ရက်အနည်းငယ်သာ လိုတော့တယ် ။ ဒီလိုမျိုး ဖျားခါစတုန်းကတော့ ပုံမှန်အားဖြင့်တော့ သမားတော်ပြဖို့ ဒါမှမဟုတ် ဆေးသောက်ဖို့ မလိုအပ်ဘဲ အနားယူရုံသာ လိုအပ်ပါတယ် "

"မင်း ဒီလိုမျိုး ဖျားနာဖူးလား ? မင်း ဒီရောဂါကို ဘယ်အချိန်က စခဲ့တာလဲ " မို့ဟွာဝမ်က အံ့သြစွာ မေးလိုက်သည် ။ တုန်းအာသည် အားနည်းသော်လည်း သူမသည် တိမ်တိုက်မြို့တွင်သာ ရှိခဲ့ရသည် ။  သူမသည် ယခင်က ပျော့ညံ့သိမ်မွေ့သူဖြစ်သည်။

"ဒါဟာ တကယ့်ရောဂါမဟုတ်ဘူး၊ အဖေ သမီးအတွက် စိတ်ပူစရာ မလိုပါဘူး ။ မနှစ်တုန်းက သမီးတို့ တိမ်တိုက်မြို့မှာတုန်းက အကြောင်းပြချက်မရှိဘဲ သမီးဖျားခဲ့တယ် ။  ထိုအချိန်မှစ၍ မောပန်းနွမ်းနယ်လာတိုင်း ဖျားနာပြန်တယ် ။ အဘွားက သမီးအတွက် နာမည်ကြီးသမားတော်တွေ အများကြီး ရှာတွေ့ခဲ့တယ်။  သူတို့အားလုံးက ကြီးလေးတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောကြတယ် ။ ဒါကြောင့် သမီးသာ ဂရုစိုက်ခဲ့ရင် အရမ်းမပင်ပန်းနိုင်ပါဘူး။ " မို့ရွှီတုန်း၏ ချိုမြိန်သော အသံသည် သမီးလေးတစ်ယောက်၏ နူးညံ့သိမ်မွေ့မှုဖြင့် ချစ်စရာကောင်းသော အသံဖြစ်ပြီး ဖခင်ဖြစ်သူ၏ စိတ်ခံစားမှုများကို သက်သာစေသော်လည်း မို့ဟွာဝမ်၏ နှလုံးသားကို နာကျင်နေဆဲဖြစ်သည်။

မနှစ်က ဒီအချိန်တွင် သူသည် တခြားသမီးနှစ်ယောက်ကို မြို့တော်ကို ခဏခေါ်သွားခဲ့တယ်။  နှစ်သစ်ကူးရောက်သောအခါ မင်အာနှင့် ချောင်အာတို့သည် ၎င်းတို့အတွက် အဝတ်အထည်များနှင့် လက်ဝတ်ရတနာများစွာ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။  သူတို့သည် နေ့တိုင်း မတူညီသောအဝတ်အစားများနှင့် လက်ဝတ်ရတနာများကို ပိုင်ဆိုင်ကြပြီး ပျော်ရွှင်စွာ စကားများကြသည်။  သူတို့လိုချင်တာမှန်သမျှ ရခဲ့ပြီး လုံးဝမပင်ပန်းခဲ့ပါဘူး။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now