ဒိုင်လူကြီးက ခါးကိုင်း၍ No.17 ကို ​မေးခွန်း​မေး​နေဟန်။ No.17 က ​ခေါင်းယမ်းပြပြီး ဆန်ခါကွက်စည်းရိုး၌ လက်​ချောင်း​တွေကို အားပြုဆုပ်ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။နှာ​ခေါင်း​သွေးများကမူ တစက်စက် ကျ​နေမြဲ။ No.17 က နှုတ်ခမ်း​ထောင့်နှင့်​မေး​စေ့ရှိ​သွေးများကို ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်၏။ထို့​နောက် ​ခေါင်းငိုက်စိုက်ချလျက် အဋ္ဌဂံ​လှောင်ချိုင့်အပြင်သို့ ထွက်လာခဲ့သည်။

" စိတ်ပျက်စရာကြီး "

ဟယ့်​ဝေ့ အ​တော်​လေး မချင့်မရဲဖြစ်​နေသည်။

" No.17 က လက်ရည်ပိုသာတာ အသိသာကြီးကို ဒီလိုပုံစံနဲ့ ရှုံးပြရ​နေတယ်။ ဒီကြားထဲ No.17 သရုပ်​ဆောင်တာက ညံ့လိုက်တာလွန်​ရော "

" သူ ဒီ​နေ့ ​​အရမ်းအာရုံပျံ့​နေတယ် "

ကုယွင်ချီက မှတ်ချက်ချသည်။

တစ်ချိန်လုံးနီးနီး နှုတ်ဆိတ်​နေခဲ့တဲ့ လုဟယ့်ရန်က ရုတ်ခြည်း ​မေးလာသည်။

" သူ ဒီကို ဘယ်တုန်းက စလာတာလဲ "

" မနှစ်က စလာတယ် ကြားတယ် "

ကုယွင်ချီက ​ရေတစ်ငုံ​သောက်လိုက်သည်။

" သူ တခြား​ထိုးကွင်း​တွေမှာ ကစားခဲ့​သေးတယ်တဲ့ "

No.17 ၏ ​ကျောပြင်က ဥမင်စင်္ကြန်​လေးအတွင်းသို့ တစ်စတစ်စ တိုး၀င်​ပျောက်ကွယ်သွားခဲ့သည်။လုဟယ့်ရန် အကြည့်ရုတ်လိုက်ပြီး ဖုန်းကို ဖွင့်လိုက်၏။လက်​ချောင်းများက ဖုန်း screen တွင် ​ပြေးလွှား​နေသည်။အကြင်သူက message တစ်​စောင်အား ​ခေတ္တ ဖတ်လို့ ဖုန်းပိတ်လိုက်သည်။

" ငါ အပြင်ထွက် ဖုန်း​ပြောလိုက်ဦးမယ် "

ဟယ့်​ဝေ့က ​ပြောင်စပ်စပ် ကျွတ်စုပ်သည်။

" ဘယ်သူနဲ့​ပြောမှာလဲ ၊ အိုမီဂါလား ? "

လု​ဟယ့်ရန်က ​အေး​အေးလူလူ ထရပ်သည်။

" ဟုတ်တယ် "

Underground club ၌ ပတ်​လျှောက်ရင်း ဖုန်း​ပြော​ကောင်းမည့် ​တိတ်တိတ်ဆိတ်ဆိတ် ​နေရာတစ်​နေရာမျှ လုဟယ့်ရန် ရှာမ​တွေ့။ဘယ်​နေရာက ဘာမှန်းလည်း မသိသည့်အ​လျောက် ​အ​ရှေ့တွင် ဓါတ်​လှေကားတစ်ခု မြင်သည်နှင့် ခလုတ်နှိပ် ၀င်စီးလိုက်သည်။ပထမထပ်သို့ ရောက်သောအခါ ဓါတ်​လှေကားတံခါး ပွင့်လာခဲ့သည်။လုဟယ့်ရန် ဓါတ်​လှေကား​ပေါ်က ဆင်းကာ စင်္ကြန်လမ်းတို​လေးတစ်ခုကို ဖြတ်​လျှောက်အပြီး ၊ အ​ဆောက်အအုံအပြင်ဘက်ဆီ ထွက်ခဲ့၏။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Onde as histórias ganham vida. Descobre agora