ဒီနေ့ရဲ့ မနက်ခင်းက မိုးရွာထားတာကြောင့် ကောင်းကင်ကြီးက ကြည်လင်နေပြီး အရင်ရက်တွေက ဆီပူနဲ့ကြော်ခံနေရသလို ပူအိုက်တဲ့နေ့မဟုတ်တဲ့ ရှားရှားပါးပါး အေးမြလန်းဆန်းတဲ့နေ့လေး ဖြစ်တယ်။ မနက်စာစားပြီးတော့ ကျန်းလီက ရှန်းချောင်ကို သူမရဲ့ အပြင်ထွက်တစ်ပတ်ပတ်မဲ့ အစီအစဉ်ကို ပြောပြလိုက်တယ်။ အဝေးတစ်နေရာမှာ ရပ်နေတဲ့ ယွမ်ရွှမ်းက ဘာမှမပြောဘဲ ငြိမ်ငြိမ်လေးရပ်နေပြီး ရှန်းချောင်ကကျန်းလီကို ပြန်မေးတာကို နားစွင့်နေတယ်။

"မမလေးနှစ်က ဘာလို့ ရုတ်တရက်ကြီး အပြင်ထွက်ချင်ရတာလဲ"

"ကျွန်မ အိမ်တော်မှာ နေ့တိုင်း ဒီတိုင်းကြီး နေနေရတာ လဝက်တောင်ရှိနေပြီ..အရမ်းပျင်းတယ်။ ဒီနှစ်တွေအတွင်း ယန်ကျင်းက ဘယ်လိုပုံရှိလဲတောင် မသိသေးဘူး။ အဲ့ဒါကြောင့် အပြင်ထွက်ပြီး ဟိုနားဒီနားလျှောက်သွားချင်ရုံပါ.."

သူမက ရှန်းချောင်က ပြန်ပြောမှာကိုတောင် မစောင့်တော့ဘဲ ဆက်ပြောတယ်။

"ပြီးတော့ ညီမလေး ၃ရဲ့ မွေးနေ့ကလည်း ဘယ်လောက်မှ မလိုတော့ဘူးဆိုတော့ ကျွန်မ အဲ့ကို လက်ဗလာနဲ့ သွားလို့မရဘူးလေ"

ရှန်းချောင်ရဲ့ မျက်လုံးတွေက မမေးခင် ခိုးကြောင်ခိုးဝှက်နဲ့ ဟိုဘက် ဒီဘက်ကြည့်ပြီးတော့မှ "မမလေးက သခင်မလေး ၃ အတွက် လက်ဆောင် ဝယ်ချင်လို့လား"

"အမှန်ပဲ" ကျန်းလီက အပြုံးနဲ့အတူ ဆိုတယ်။ "တစ်ခါတည်း ကစားစရာ အသစ်လေးဘာလေးများ ရှိမလားလို့ လှည့်ပတ်ကြည့်မလို့"

ရှန်းချောင်က ရုတ်တရက် စိတ်ထဲတရွရွဖြစ်သွားတယ်။ ဒါတွေဝယ်ဖို့ ကျန်းလီအပြင်ထွက်တဲ့နောက် သူလိုက်ပေးရင် ဘယ်ပြောလို့ရမလဲ ဆုတွေဘာတွေတောင်ရနိုင်သေးတယ်။ ပြောရမယ်ဆို ဒီသခင်မလေးက ဘုရားကျောင်းမှာ ကြီးလာတယ်သာဆိုတယ် အသုံးအဖြုန်းကတော့ အတော်ကြီးတယ်။ အရင်သခင်မရီကျန်းကျန်းနဲ့တူလို့ လက်ဖွာတာလား တုံးအလို့ဘဲလားတော့ မသိဘူး။ နေ့တိုင်း သူမကို ရက်ရက်ရောရော ဆုချနေခဲ့တယ်။ ဒီလအတွင်း ကျန်းလီဘေးမှာနေရင်း ရထားတဲ့ဆုလာဘ်တွေက ရှန်းချောင်ရဲ့အရင်တစ်နှစ်ပတ်လုံးရထားတဲ့ ဆုအရေအတွက်ကိုတောင် ခဏလေးနဲ့ ကျော်သွားပြီဖြစ်တယ်။ သူက တမင်တကာ မေးတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now