181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည

Start from the beginning
                                    

သူမရဲ့ အတွေ့အကြုံအရ သနားစရာကောင်းပြီး ပျော့ညံဟန်ဆောင်တာက သူ့အဖေကို လှည့်စားဖို့ အတော်လေး အသုံးဝင်တဲ့ နည်းဗျူဟာပါပဲ။

"မို့ရွှမ်မင် ၊ မင်း မနေ့ညက မင်းညီမက ချင်းယုဥယျာဥ်မှာ မင်းနဲ့တွေ့ဖို့ချိန်းဆိုခဲ့တယ်လို့ ပြောခဲ့တယ် ။ ဒါပေမဲ့ မင်းရဲ့ညီမလေးက တော်ဝင်မင်းသမီးဆီ ရောက်နေခဲ့တာ ။ မင်းပြောကြည့်ပါဦး.. တော်ဝင်မင်းသမီးက လိမ်နေတာဖြစ်နိုင်မလား " မို့ဟွာဝမ်သည် မျက်ရည်အစွန်းအထင်းများဖြင့် ဖုံးလွှမ်းနေသော မို့ရွှမ်မင်၏ဖြူဖျော့သောမျက်နှာကို လျစ်လျူရှုကာ မည်းမှောင်သောအမူအရာဖြင့် ပြောလိုက်သည်။

"ဖေဖေ၊ သမီးနန်းတော်မှာရှိစဉ်တုန်းက အိမ်အကူတစ်ယောက်က သမီးကို စာတစ်စောင်ပို့ပြီး တတိယညီမကသမီးကို ချင်းယုဥယျာဥ်ကို ခေါ်ခိုင်းတယ်လို့ ပြောပါတယ် ။ သူ့မှာပြောစရာရှိမယ်ထင်လို့ သမီးအမြန်သွားလိုက်တယ်။ သမီးအဲဒီမှာရှိစဉ်တုန်းက ချင်းယုဥယျာဥ်မှာ ကောင်မလေးတစ်ယောက်နောက်ကိုလိုက်နေတဲ့ အိမ်အကူတစ်ယောက်ကိုတွေ့ခဲ့ပြီး ထိုကောင်မလေးကို တတိယညီအစ်မလို့ထင်ခဲ့တာ။နန်းတော်ထဲမှာ အရမ်းရှုပ်ပွနေပြီး သမီး အဲ့ဒီသခင်လေးနဲ့ မလျော်ကန်တဲ့ ဆက်ဆံရေးရှိတယ်လို့ စွပ်စွဲခံရမှာကို ကြောက်လို့ သက်သေပြဖို့ ညီမကို တောင်းဆိုချင်တာပါ။ ဒါပေမယ့် တစ်ယောက်ယောက်က သမီးတို့နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ကြံစည်ဖို့ ကြိုးစားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး။  ဒါကြောင့် နောက်ဆုံးမှာ သမီးက တတိယညီမကို သံသယဖြစ်ခဲ့တယ်၊ အဲ့ဒါက သမီးအမှားပါ။ "

မို့ရွှမ်မင်က မျက်ရည်များကို သုတ်လိုက်သည်။  သူတို့သည် အခြားသူများကို မစော်ကားနိုင်သော မိန်းကလေးများသာဖြစ်သည်။  တစ်စုံတစ်ယောက်က သူတို့ကို ကြံစည်ချင်ရင်တော့ မို့ဟွာဝမ်ရဲ့ နိုင်ငံရေးရန်သူတွေသာ ဖြစ်နိုင်တယ်။

ထိုညက သူမ ပြတ်ပြတ်သားသား မြင်လိုက်ရသည်။ မို့ရွှီတုန်းကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ဆွဲဆောင်မှုရှိသော ထိုအမျိုးသားသည် သူ့မျက်လုံးများကို မော့ကြည့်လိုက်ပြီးနောက် သူမအား အေးစက်စွာကြည့်နေခဲ့သည် ။ ထိုအမျိုးသားမျက်လုံးများတွင်မူ မိုရွှမ်မင်၏နှလုံးသားထဲတွင် အဆုံးမရှိသောထိတ်လန့်မှုကို ချန်ထားခဲ့သော အအေးဓာတ်ကို သူမမြင်လိုက်ရသည်။ထိုနောက် သွေးတွေ ဖုံးလွှမ်းနေတဲ့ လူသားတစ်ယောက်ရဲ့ ဦးခေါင်းက တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့အတူ သူ့မရှေ့မှာ ပြုတ်ကျသွားခဲ့တယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now