ထူးသာက ထက်မြတ်အား စာလည်းသင်ပေးတာမို့ ထက်မြတ်မှာ ထူးသာအား သူ့အစ်ကိုအရင်းပမာ ခင်တွယ်ရှာသည်။

ဒီနေ့က ပိတ်ရက်မို့ သူအလုပ်ဆင်းရမှာဖြစ်၍ ဆွမ်းခံလိုက်ပြီးတာနှင့် ဆိုဒ်ဆီ ကိုဖိုးထောင်နှင့်အတူလိုက်လို့သွားရသည်။

ဒီနောက်ပိုင်း သူဟာအလုပ်ထဲအကျွမ်းတဝင်ရှိလာပြီး အလုပ်သမားများနှင့်ခင်မင်လာသည်။

အလုပ်သမားအများစုမှာ ကျောင်းမနေကြရဘဲ သုံးလေးတန်းလောက်သာ ပညာသင်ကြားဖူးကြသူများမို့ ထူးသာကို ချီးကျူးကာ ဝိုင်းဝန်းဖေးမကြသည်။

အတန်းပညာကောင်းကောင်းမသင်ခဲ့ရ၍ စကားကို ဗွင်ခနဲ ရှင်းခနဲ တုတ်တိုးအိုးပေါက်ပြောတက်သော်လည်း ရိုးသားကြသည်။

ထူးသာက စကားကိုအလိမ္မာနှင့်ပြောတက်ကာ လူအများအပေါ် ပညာတက်တက်မတက်တက် ပိုက်ဆံရှိရှိမရှိရှိ လေးလေးစားစား ပြောဆိုဆက်ဆံတက်၍ အလုပ်ထဲမှ လူကြီးလူငယ်မရွေးထူးသာကိုခင်ကြသည်။

"ဟေး....ငထူး မင်းကိုကြည့်ရတာ ဒီအလုပ်နဲ့မလိုက်ပါဘူးကွာ လူကဖြူဖြူ ရုပ်သန့်သန့်လေးနဲ့ ဒီအလုပ်ကြမ်းတွေနဲ့ မဟန်ဘူးငါ့ကောင်ရာ မင်းက ရုပ်ရှင်မင်းသားလုပ်ရမဲ့ကောင်ကွ"

ဆိုဒ်ထဲမှ အသက်ခပ်ကြီးကြီး ဦးမင်းအောင်မှ လှမ်းပြောတာမို့ သူ အုတ်တွေစီ၍ ပုခုံးပေါ်ထမ်းတင်၍ပြုကာ

"ကျွန်တော်ခုလည်း ရုပ်ရှင်ရိုက်နေတာပဲပေါ့ဦးအောင် ....ဒါကတော့ဘဝရုပ်ရှင်ပေါ့ဗျာ ကျွန်တော်ဇာတ်မှာ ကျွန်တော်မင်းသားပဲလေ ဟဲ"

"ဟားဟား ဒီကောင်လည်းနောက်တက်သားပဲ ကောင်းတယ် ဘဝက ဘယ်အခြေအနေမှာရောက်ရောက် ပျော်ပျော်နေတက်ရတယ် အဓိကက ကိုယ့်စိတ်ထားတက်ဖို့ပဲ"

သူ ဦး‌မင်းအောင်စကားကိုခေါင်းညိတ်ပြကာ အထပ်မြင့်တိုက်ပေါ် လှေကားများကို ကျော်ဖြတ်၍ တက်လာခဲ့သည်။

ညနေ အလုပ်ဆင်းချိန် ပိုက်ဆံရှင်းကြတော့ ကိုဖိုးထောင်တို့အုပ်စုက အရက်ဆိုင်သွားဖို့ သူ့ကိုခေါ်သည်။

"ထူးသာ လာကွာ တစ်နေ့ကုန် ခွေးလိုအသေပင်ပန်းတာ တစ်ခွက်နှစ်ခွက်လောက်မော့ကြရအောင်"

ဆံမြိတ်ချ လှပါပေ့.....Wo Geschichten leben. Entdecke jetzt