အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )

Start from the beginning
                                    

နောက်ဆုံး အဆင့်မှာ အနည်းငယ် ခက်ခဲပေသည်။ တားထားသော ကြိုးများမှာ အလွန် နိမ်နေ့၍ အနည်းငယ်မျှ ဝနေသူပင် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

ကျိုးကျိုဟူက...

" ကျုပ် အရင်သွားလိုက်မယ် အစ်မချူရွယ်... ကျုပ်နောက်က လိုက်ခဲ့နော်... "

လင်ချူရွယ်‌ ခေါင်းညိတ်လိုက်၏။

ကျိုးကျိုဟူက ပြောပြောဆိုဆိုဖြင့် ကြိုးများအောက် တိုးဝင်သွား၏။ ထိုစဉ် အခြားသူများလည်း ရောက်လာလေသည်။ ထို့နောက် ယောက်ျားလေး သုံးဦးမှာ ကြိုးများအောက် ပက်လက်လှန် လှဲရင်း ရှေ့သို့ တရွေ့ရွေ့ တိုးသွားလိုက်သည်။ နှစ်မိနစ် အတွင်း၌ သုံးဦးလုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ကျန်ရစ်နေသော မိန်းကလေး အသင်းဖော်များကို အားပေးတော့သည်။

ထိုချိန်တွင် ရှုချန်း စပ်ဖြီးဖြီး ဖြစ်လာသည်။

အဘယ်ကြောင့် ရှုချန်း ထိုသို့ ဖြစ်နေမှန်း အစတွင်တော့ လင်ချူရွယ် မသိချေ။ သို့သော် ကြိုးများအောက် ဖြတ်သန်းရင်း စက္ကန့်ပိုင်းမျှ အကြာတွင် လော့ကျိချီးနှင့် ကျောက်ယာကျင်းတို့ ဆီမှ အော်သံများ ထွက်လာသည်။

" အား... ငါ ညိနေပြီ... "

ကျောက်ယာကျင်း ငိုသံပါနေလေပြီ။ သူမ ရင်ဘတ်မှာ ကြီးလွန်းနေ၍ ကြိုးနှင့် ညိနေ၏။

ကျောက်ယာကျင်းသာ မဟုတ်။ လော့ကျိချီးမှာလည်း ရင်ဘတ်နှင့် ကြိုး ညိနေလေပြီ။

ယောက်ျားလေး သုံးဦးရော ကင်မရာ သမားများပါ ကြောင်အသွားကြ၏။

ဒါ... ဒါ... နည်းနည်းတော့ မဟုတ်သေးဘူးလေ...။

ထိုနှစ်ဦး အဖြစ်ကို မြင်၍ လင်ချူရွယ် မိမိကိုယ်ကိုယ် မိမိ ကြည့်မိသည်။ သူမ ရင်ဘတ်မှာလည်း အတော်လေး ကြီးသည့်တိုင် ကြိုးများအောက် ချေချောမွေ့မွေ့ ဖြတ်သန်း သွားလာနိုင်သေးသည်။

ထိုအခါမှသာ ရှချန်း စပ်ဖြီးဖြီး ဖြစ်နေခြင်းကို သူမ သဘောပေါက်တော့သည်။ ထို့နောက် ရှုချန်း အနားသို့ ပြေးသွားကာ ခြေထောက်ကို တက်နင်းချင်စိတ် ပေါ်သွားသည်။ အခြားသူ နှစ်ဦးက ကြိုးငြိနေပြီး သူမက အဆင်ပြေပြေ ဖြတ်ကျော်နေနိုင်ခြင်းမှာ သူမ ရင်ဘတ်က အခြားသူ နှစ်ဦးထက် သေးနေသည်ဟု အဓိပ္ပါယ် ရနေသည် မဟုတ်လား။

နတ်နဂါးစစ်သည်Where stories live. Discover now