41.လက်ခံရန်ခက်ခဲသော..

Start from the beginning
                                    

ဘဲ့ဒူတောင်ခြေနှင့်အနီးအပါးရွာများမှ  ရိက္ခာများပို့ကြသဖြင့် ဆောင်ဟွန်းတို့တပ်ဖွဲ့ကြီးမှာ လောလောဆယ်အတွက်တော့ရိက္ခာကိုပူစရာမလိုသေးသောအနေအထားဖြစ်သည်။

ရက်အနည်းငယ်အကြာတွင် စစ်ပွဲ၌ထိခိုက်ခဲ့သောလူနာများသက်သာပျောက်ကင်းကာ စစ်ရေးလေ့ကျင့်နေနိုင်ကြပြီဖြစ်သော်လည်း ဓားထိကာ အသက်ကိုမနည်းလုထားရသောလူနာမှာတော့ ကောင်းကောင်းနာလန်မထူသေးပေ။

ဆောနူးလည်း လူနာကိုအစွမ်းကုန်ကုသပေးသော်လည်း လူနာမှာ စိတ်ဓာတ်ကျနေဟန်လက္ခဏာပါရှိနေပြီး ထမင်းကိုလည်းကောင်းကောင်မစားသောကြောင့် လူနာနှင့် သေချာစွာစကားပြောကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

" ကျွန်တော့်ကိုဓားနဲ့ခုတ်တဲ့သူက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းလေ"
ဟု အစချီကာ လူနာက သူခံစားနေရသမျှကိုဖြည်းဖြည်းချင်း ပြန်ပြောပြသည်။

" ကျွန်တော်တို့နှစ်ယောက်က စစ်သူကြီးချုပ်လက်အောက်မှာ တိုက်ပွဲတွေအတူတူတိုက်ခဲ့ကြပြီး သေအတူရှင်မကွာ အတူတူရှိကြမယ်လို့ ကတိပေးခဲ့ကြတယ်။
သူနဲ့မျက်နှာချင်းဆိုင်ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးတောင်မယဥ်ဖူးဘူး ။
သူနဲ့ထိပ်တိုက်တွေ့လိုက်ချိန်မှာ ကျွန်တော်ကတော့ သူငယ်ချင်းဆိုတဲ့စိတ်နဲ့ သူ့ကိုတိုက်ခိုက်ဖို့တွန့်ဆုတ်နေပေမယ့် သူကတော့နည်းနည်းလေးမှမတွေဝေဘဲ ကျွန်တော့်ကို ခုတ်ချလိုက်တာပဲ။
ဒဏ်ရာထက် လုပ်ရက်လေခြင်းဆိုတဲ့စိတ်နဲ့အသည်းနာလို့ပါ သမားတော်ကြီး "

လူနာက မျက်ရည်တွေ တွေတွေကျပြီး ပြောလာတော့ဆောနူးနှစ်သိမ့်ပေးဖို့ပြင်နေစဥ်မှာပင် ဟွန်းက လူနာဆောင်အတွင်း ဝင်လာသည်။

" စစ်ပွဲမှာ ဆန့်ကျင်ဘက်အရပ်ကနေမျက်နှာခြင်းဆိုင်ရပ်လိုက်တာနဲ့ ရန်သူတွေပဲ။

အရင်ကသိခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း ၊ ထားခဲ့ဖူးတဲ့ကတိတွေ၊  ချည်နှောင်ခဲ့ဖူးတဲ့
သံယောဇဥ်တွေ ဆိုတာက မတူညီတဲ့ရပ်တည်မှုတွေကြာမှာ ပျောက်ပျက်သွားကြပြီ။

ဘုရင့်အမိန့်နာခံပြီး ပြည်သူ့ဘက်ကိုဓားဦး၊မြားဦးလှည့် လိုက်တာနဲ့ ငါတို့ရဲ့ဆန့်ကျင်ဘက်မှာရပ်တည်တဲ့ ငါတို့ရန်သူဖြစ်သွားပြီ။

Majestic Love Story In Dae Goguyeo Where stories live. Discover now