Part-41

382 18 2
                                        

(Unicode)

ယနေ့သည် မြန်မာပြည်တွင် နွယ်၏အလုပ်စဝင်ခြင်း ပထမဆုံးနေ့ပင် ။ ပထမဆုံးနေ့တွင် နေရာအသစ် လူအသစ်တွေနှင့် တွေ့ဆုံဆက်ဆံရမည်မို့ထင် ရင်ခုန်နေမိသည် ။ နွယ်ယခုလုပ်နေသောcompanyသည် တကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့်companyတစ်ခု...
Lotionနှင့် ရေချိုးဆပ်ပြာအစဆုံး ကလေး‌ကော လူကြီးတွက်ပါ ထုတ်လုပ်သည့်နေရာဖြစ်သည် ။

"ညီမလေးက marketing အဖွဲ့ထဲ အလုပ်လုပ်ပေးရမယ်နော်။  အမကဒီအဖွဲ့ရဲ့တာဝန်ခံပါ ။ ညီမတချက်လောက် အဖွဲ့သားတွေကို နာမည်လေးမိတ်ဆက်ပေးလိုက်ပါဦး"

"ဟုတ် မင်္ဂလာပါရှင့် ။ ညီမနာမည်က ခရမ်းနွယ်ပါ ။ နွယ်လို့လဲ ရင်းရင်းနှီးနှီးခေါ်လို့ရပါတယ်"

အဖွဲ့ထဲက လူတွေရဲ့လက်ခုပ်သံနဲ့အတူ နွယ့်လုပ်ငန်းခွင်၏ ပထမတရက်တာစတင်ခဲ့လေသည် ။

အလုပ်စလုပ်သည့်နေမှစ နွယ့်ဘဝ၏တချို့အရာများကို မေ့ဖျောက်မို့ ကြိုးစားခဲ့လေသည် ။ လူတွေက အတွေးအများကြီးတွေးနေမိခြင်း၏ အဖြေသည် တစ်ခုပင်ရှိသည် ။ ထိုအရာသည် လုပ်စရာအလုပ်မရှိခြင်းပင် ။ ထို့ကြောင့်နွယ်အတွေးတွေးရန်အားချိန်မရှိအောင်ပင် အလုပ်တွေစုပြုံလုပ်ခဲ့သည် ။

"နွယ်...အိမ်မပြန်သေးဘူးလား"

ည၆နာရီ‌ကျော်အချိန်တွင် နွယ်လချုပ်စာရင်းကို ပြန်လည်ကြည့်နေရင်း ဘေးမှအသံကြောင့် လှည့်ကြည့်မိသည် ။ ထိုလူသည် မြသွေးဟန်မည်သော အဖွဲ့ထဲမှ နွယ်၏စီနီယာတစ်ယောက်ပင် ။ အလုပ်လုပ်တာလဲထက်မြက်သလို တည်တည်တံ့တံ့လဲနေတတ်သူဖြစ်သည် ။ ပင်ကိုယ်စရိုက်အားဖြင့် နွေးထွေးတတ်သည်ဟုလည်းနွယ်ခံစားမိသည် ။

"ဟုတ်ကဲ့ နွယ်ဒါလေးတချက် ပြန်စစ်ပြီးရင် အိမ်ပြန်မှာပါ"

"ဒါဆိုကိုယ်စောင့်နေပေးမယ်လေ"

"ရပါတယ် နွယ်ကကြာနေမှာစိုးလို့"

"နွယ်က အဖွဲ့ထဲအသစ်ဝင်လာတာကို ကိုယ်ကတစ်ခုခုလိုက်ကျွေးချင်လို့ပါ"

"ဟုတ်ပါပြီ ။ ဒါဆိုနွယ်မနက်မှပဲ ဆက်လုပ်တော့မယ် ။ ညလဲ၇ထိုးခါနီးပြီဆိုတော့ အပြင်သွားမှာဘာညာနဲ့ နွယ်အိမ်ပြန်နောက်ကျမှာစိုးလို့"

နွေဦးပုံပြင် // /နွဦေးပုံပြင်Onde histórias criam vida. Descubra agora