အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )

Bắt đầu từ đầu
                                    

ည ၁၀ နာရီခန့်တွင် ရိုက်ကူးရေး အဖွဲ့သားများက ရှုချန်းနောက်သို့ လိုက်ပါကာ အဆောင်များကို လှည့်ပတ် စစ်ဆေးကြ၏။

ယောက်ျားလေးအဆောင်တွင် ကောဟို နှင့် ရန်ရှန်း တို့ ဆေးလိပ်သောက်နေကြ၏။ ထို့အပြင် ရန်ရှန်း ၏ ကုမ္ပဏီမှ ဂျူနီယာ ကျိုးကျိဟို လည်း ရှိနေ၏။ ရန်ရှန်း က စီးကရက်တစ်လိပ်ထုတ်ပြီး ပေးရာ ကျိုးကျိဟို က ပြုံး၍ လက်ခံလိုက်၏။

"ကျေးဇူးပါ အစ်ကိုကြီး..."

ကျိုးကျိဟို မှာ တက်သစ်စ တစ်ဦးဖြစ်၍ သူ၏ကျော်ကြားမှုကို မြှင့်တင်ရန် အောင်မြင်သော စီနီယာတစ်ဦး လိုအပ်နေသဖြင့် ရန်ရှန်း ကို ရိုသေနှိမ့်ချစွာ ပေါင်းနေသည်။

သုံးဦးသား ဆေးလိပ်သောက်နေ၍ အခန်းထဲ၌ မီးခိုးငွေ့တို့အူနေပေသည်။ ထိုအချိန်တွင်‌ ကော်ရစ်ဒါဆီမှ ခြေသံများထွက်ပေါ်လာ၏။ တံခါးခေါက်သံနှင့်အတူ ရှုချန်းအသံကိုပါ ကြားလိုက်ရသည်။

"အိပ်ချိန်ရောက်ပြီ... မီးတွေပိတ်လိုက်တော့..."

အခန်းအတွင်းမှ သုံးဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သူမျှ မီးထ မပိတ်ပဲ ထိုင်၍ ဆေးလိပ် ဆက်သောက်နေကြ၏။

တံခါးအပြင်ဘက်တွင် ရပ်နေသော ရှုချန်းက ခဏကြာသည်အထိ မီးမပိတ်၍ တံခါးကို ထပ်ခေါက်လိုက်ပြန်သည်။

"မီးပိတ်လိုက်..."

မီးများပွင့်နေဆဲ ဖြစ်၏။ ထို့ကြောင့် ရှုချန်းက ရိုက်ကူးရေးအဖွဲ့သားများဘက်သို့ လှည့်ကာ ...

"ရိုက်ကူးရေးလုပ်နေတာ ခဏရပ်လိုက်ပါလား..." ဟု ပြောလိုက်၏။

ရိုက်ကူးရေးသမားများလည်း ခေါင်းညိတ်ကာ ရပ်တန့်လိုက်ကြ၏။ ထိုအခါ ရှုချန်းက တံခါးကို ဝုန်းခနဲ ဆောင့်ကန်လိုက်ရာ အားလုံးထိတ်လန့်သွားကြသည်။ တံခါးပွင့်သွားသည်နှင့် မီးခိုးငွေ့များ အူနေသော အခန်းအတွင်း၌ သုံးဦးသား ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရ၏။ တံခါးက မခိုင်ခံ့ဖြစ်နေသည်ကို မြင်၍ သုံးဦးသား အံ့အားသင့်သွားကြသည်။

"အဆောင်ထဲမှာ ဆေးလိပ်မသောက်ရဘူးဆိုတာ ခင်ဗျားတို့ မသိဘူးလား... ခင်ဗျားတို့ မအိပ်ချင်သေးဘူးလား မအိပ်ချင်သေးရင် အောက်ကိုဆင်းပြီး သုံး ကီလိုမီတာ ပြေးကြ..."

နတ်နဂါးစစ်သည်Nơi câu chuyện tồn tại. Hãy khám phá bây giờ