အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )

Mulai dari awal
                                    

"အခုက အရင်နဲ့ မတူတော့ဘူး... မင်းကို ငါ မဆင်မခြင်တိုက်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်မှာစိုးလို့... မင်းရဲ့ လက်ရှိ အနေအထားက ငါသတိထားပြီး တိုက်မှရမယ်..."

"ဟုတ်လား... တကယ်ကြီးလား... အသက်ကြီးလာရင် အဲဒီလိုပဲပေါ့နော်..."

"ရော့..."

ရှုချန်း စကားပြောနေစဉ်မှာပင် ကြီးကြပ်ရေးမှူးက အခွင့်အရေးကောင်းတစ်ခုကို ရလိုက်သည်ဟု ခံစားမိသည်။ ထို့ကြောင့် ရှုချန်း၏ လက်မောင်းများကို တင်းကြပ်မြဲမြံစွာ ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ရှုချန်း ညာခြေကို သူ့ ဘယ်ခြေဖြင့် ကန်လိုက်၏။

လက်မောင်းကို ဆွဲကိုင်ကာ ခြေထောက်ကို ကန်ခံလိုက်ရခြင်းကြောင့် ဟန်ချက်ပျက်ကာ ရှေ့သို့ ငိုက်ကျသွားနိုင်၏။ ထိုသို့ ငိုက်ကျသွားသော ပြိုင်ဘက်အား ပခုံးပေါ်တင်၍ ကိုင်ပေါက်နိုင်ပေသည်။

ကြီးကြပ်ရေးမှူး၏ လက်များက ရှုချန်း၏ ခြေလက်တို့ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်မှာ ကိုယ်ခံပညာ စာအုပ်ထဲမှ ပုံအတိုင်းပင်။ သို့သော် ရှုချန်းအား ပခုံးပေါ်တင်၍ ကိုင်ပေါက်မည်အလုပ်တွင် ရှုချန်းမှာ နံရံ တစ်ခုကဲ့သို့ တောင့်တင်းသန်မာနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရပြီး ကိုင်မြှောက်နိုင်ခြင်းလည်း မရှိချေ။

ရှုချန်းကို ပခုံးပေါ်တင်ကာ ကိုင်ပေါက်ရန် ထပ်တလဲလဲ ကြိုးစားပါသော်လည်း ရှုချန်းက နည်းနည်းလေးမျှ မလှုပ်ချေ။ ကြီးကြပ်ရေးမှူး အံကိုတင်းတင်းကြိတ်ကာ ကြိုးစား၏။ သို့သော် နည်းနည်းလေးပင် မရ။

ကြီးကြပ်ရေးမှူးက သူ့ကို ပုခုံးပေါ် မတင်နိုင်သည်ကို ရှုချန်း တွေ့သောအခါ သူ့လက်မောင်းများဖြင့် ကြီးကြပ်ရေးမှူး လည်ပင်းကို ရိုးရိုးရှင်းရှင်း ဆုပ်ကိုင်လိုက်၏။ ထို့နောက် ကြီးကြပ်ရေးမှူး၏ ဒူးကို ရုတ်တရက် ကန်လိုက်ရာ ချက်ချင်း ပျော့ခွေသွားပြီး ဒူးထောက်ကျသွား၏။ ထို့နောက် ရှုချန်းက ကြီးကြပ်ရေးမှူး၏ လက်မောင်းကို ဆွဲကိုင်ကာ ခေါင်းကို အောက်သို့ ဖိလိုက်သည်။

နတ်နဂါးစစ်သည်Tempat cerita menjadi hidup. Temukan sekarang