Part-5(Final)

1.9K 75 7
                                    

ကျောင်းနောက်ဆုံးနှစ်မှာ  တီချယ့်ကို ချစ်မိသွားမှန်း အတိအကျ သိလိုက်ရသည်။ တီချယ်နဲ့ အကြည့်ချင်းဆုံမိရင်တောင် ရင်ခုန်ရလွန်းလို့ တီချယ့်မျက်ဝန်းတွေကို ရှောင်ခဲ့ရသည်။
တဖက်မှာလည်းကိုယ့်ကိုချစ်ပါတယ်လို့ လာဖွင့်ပြောတဲ့ သျှားကို ယဉ်ကျေးစွာပြန်ငြင်းရသေးသည်။
"ဖြိုး...နင်မိန်းကလေးချင်းချစ်တာကို ဘယ်လိုထင်လဲ"

"ငါကတော့ ရိုးရိုးရှင်းရှင်းပဲမြင်တယ် love is loveပဲ"

"ငါလေ နင့်ကို ချစ်မိနေပြီထင်တယ် ဖြိုးရယ်"

"ငါလည်း နင့်ကိုချစ်ပါတယ် သျှားရာ ငါ့ဘဝရဲ့ တစ်ဦးတစ်ယောက်တည်းရှိခဲ့ဖူးတဲ့ သူငယ်ချင်းအနေနဲ့ပေါ့"

"မဟုတ်ဘူးလေ...ငါပြောတာ"

"ခဏလေးသျှား ရင်ထဲမှာ တစ်စုံတစ်ယောက်ကို မြှုပ်ပြီး ရှင်သန်‌နေတဲ့သူကို မချစ်ပါနဲ့ သျှား နှစ်ဖက်လုံးနာကျင်ရမှာစိုးလို့ပါ နင်ကငါ့အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်နေမှာ သိလား"

"အင်းပါ နင်ကလည်း ငါ့အတွက် ထာဝရသူငယ်ချင်းဖြစ်နေမှာပါ နင့်ကို ချစ်တယ်ပြောလို့ စိတ်ဆိုးသလားဟင်"

"မဆိုးပါဘူး လူတစ်ယောက်ရဲ့ ချစ်ခြင်းမုန်းခြင်းကို ငါတို့လိုသလို ပုံသွင်းလို့မှမရတာ ငါလက်မခံတာကိုလည်း စိတ်မဆိုးဘူးမဟုတ်လား"

"ဒါပေါ့ နင့်အနားမှာ ငါဘယ်လိုနည်းနဲ့ပဲ နေရနေရ အဆင်ပြေပါတယ် အဓိကက နင်ရှိနေဖို့ပဲ"

"Ok...ငါတို့ မုန့်သွားစားရအောင် ငါဒကာခံမယ်"

"ဈေးအကြီး‌‌ဆုံးဆိုင်ခေါ်သွား ဒါဆို"
တကယ်တော့ ဈေးအကြီးဆုံးဆိုတာ စားနေကျ မုန့်တီဆိုင်ကို ဆိုလိုခြင်းဖြစ်တာမို့သူငယ်ချင်းနှစ်ယောက် ဒေါ်ကြီး မုန့်တီဆိုင်လေးဆီ သွားဖြစ်ကြသည်။
စာတွေနဲ့ ပတ်ချာတွေလည်ရင်း အချိန်ရရင် ရသလို ပျော်ပါးကြရင်း ကျောင်းနောက်ဆုံးနှစ်ကိုအောင်မြင်စွာကျော်ဖြတ်လာခဲ့သည်။ သျှားကတော့ ‌တစ်နှစ်နားခဲ့ရတာမို့ အလုပ်လုပ်ရင်း ကျောင်းဆက်တက်ရသည်။
-------------
ဘာလိုလိုနဲ့ အချိန်တွေကုန်ဆုံးလာမှုမှာ ကလေးက ဘွဲ့ရပြီး သူ့ဖေဖေ company မှာတောင် အလုပ်ဝင်လုပ်နေလေသည်။ကျော်သွင်ကလည်း ခဏတိုင်းကျွန်မဆီ ရောက်လာတတ်သလို လက်ထပ်ချင်ပါတယ်ဟုလည် အခွင့်သင့်သလို ဖွင့်ပြောတတ်သေးသည်။
စီးပွားရေးလောကထဲ ဖေဖေကဆွဲခေါ်ခဲ့သလို တီချယ်တွန်းပို့မှု‌တွေကြောင့်လည်း ရောက်မှန်းမသိ ရောက်ခဲ့ရသည်။ကျောင်းသားမဟုတ်တော့ပေမယ့် တီချယ် ဂရုစိုက်မှုတွေကို အခုထိ ခံယူရတုန်းမို့ ကျေနပ်အားရမိပါသည်။သျှားကိုတော့ ဖေဖေက ကျွန်တော့်အတွင်းရေးမှူးအဖြစ်ခန့်ထားခဲ့ပေးလို့ သူလည်းတော်တော်လည်း အဆင်ပြေလာသည်။
"ဖြိုးလေး...အလုပ်တွေ နားလည်လာရင် ဖေဖေ့နေရာ ဝင်ယူတော့နော့"

တီချယ် ဆိုတဲ့ ပန်းလေးတစ်ပွင့်Where stories live. Discover now