အများသူငှာတို့ အိပ်စက်အနားယူချိန် ညသန်းခေါင်ယံ အချိန်ခါတွင် အဝေးတစ်နေရာမှ မြင်းသည်တော်တစ်ဦးသည် မြင်းကိုတစ်ဟုန်ထိုးစီးနှင်းလာသည်
ဤသည်ကိုမြင်သော နန်းတော်ဂိတ်ပေါက်၀မှ အစောင့်သည် ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်အကဲခတ်လိုက်ပြီး ဂိတ်တံခါးပေါက်ကို ချက်ချင်းဖွင့်ပေးလိုက်သည်
အဝေးမှ စီးနှင်လာသော မြင်းသည်တော်သည် တံခါးကြီးပွင့်သွားသည်ကိုမြင်သည်နှင့် နန်းတော်တွင်းသို့ ဝင်လာကာ နန်းတွင်းရှိ အဆောင်တစ်ခုရှေ့တွင် ရပ်လိုက်သည်
မြင်းခွာသံရပ်သွားသည်နှင့် ထိုနန်းဆောင်တွင်းမှ မီးအလင်းရောင်တစ်ချို့လင်းလာပြီး အပျိုတော်တစ်ဦးထွက်လာကာ မြင်းသည်တော်ထံမှ စာလိပ်ကိုလှမ်းယူလိုက်သည်
ထို့နောက် နန်းဆောင်ထဲသို့ ယူလာကာ ရွှေသွန်းထားသော ကုတင်ကြီးပေါ်တွင် ညာတံတောင်ကို ပိုးသားခေါင်းအုံး၌ထောက်ကာ ဘေးတစောင်းထိုင်နေသော အမျိုးသမီးတစ်ဦးထံသို့ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေပေးလိုက်သည်
ထိုအမျိုးသမီးသည် စာလိပ်ကိုသေချာဖွင့်ဖတ်လိုက်ပြီး စာကြောင်းဆုံးသည်နှင့် ဒေါသများထွက်လာကာ မျက်လုံးများနီမြန်းလာသည်
ထို့နောက် ရုတ်တရက် စာလိပ်ကို ကုတင်ခြေရင်းနားရှိ စာလိပ်ယူလာပေးသော အပျိုမယ်ခေါင်းသို့ အားနှင့် ပစ်ပေါက်လိုက်ပြီး လက်သီးကိုကျစ်နေအောင် စုတ်ထားကာ သူမ၏ အယုံကြည်ရဆုံးဖြစ်သော အထိန်းတော်ကြီးကို အမိန့်ပေးလိုက်သည်
“မနက်မိုးလင်းတာနဲ့ ငါအမတ်ကြီးဆီသွားမယ်”
“မှန်လှပါ မယ်မယ်ကြီးဘုရား”
...............................................................................................................
“ မိန်းခလေး မင်းဒီမှာ ဘာရပ်လုပ်နေသလဲ”
မီးတုတ်ကိုင်ကာ အနားရောက်လာသောလူမှာ ပန်းချီ့ကိုသေချာကြည့်ပြီး အကဲခတ်ကာ မေးလိုက်သည် ပန်းချီလဲ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ ထိုလူနှင့် ပန်းချီမှ လွဲ၍ဘယ်သူမှရှိမနေ ထို့နောက် ပန်းချီ ကိုယ့်လက်ကိုပြန်ကြည့်လိုက်တော့ ဓားကပန်းချီ့လက်တွင်မရှိတော့ပဲ ဘယ်ရောက်သွားမှန်း ပန်းချီမသိလိုက်
YOU ARE READING
တစ်ချိန်ကတွေ့ခဲ့သည်ရှိသော်
Historical Fictionနန်းတွင်းအတိတ်ကာလကို အကြောင်းတစ်စုံတစ်ခုကြောင့် ရုတ်တရက်ရောက်သွားရတဲ့ သိပ်ကိုချောမောလှပပြီးချစ်စရာကောင်းတဲ့ ဗိသုကာကျောင်းသူလေး ဘုရင်မင်းမြတ်ကြီးရဲ့ အချစ်ရဆုံးနဲ့ အားအထားရဆုံး၊ဥာဏ်ပညာနဲ့လက်ရုံးရည်မှာ တစ်ဖက်ကမ်းခက်အောင်ကျွမ်းကျင်ကာ တိုင်းတစ်ပါးသားတို့...