အပိုင်း ၁ (unicode)

31 1 0
                                    

ညအချိန် ခြံစည်းရိုးအပြင်မှတစ်ဆင့် အတွင်းဘက်ခြံဝန်းထဲသို့ မမှီတမှီ ကုတ်တွယ်တက်ကာ ခုန်ဆင်းလာသော ကောင်မလေးတစ်ယောက်

"အ....အ..... ကျိုးပါပြီ ငါ့ခြေထောက်တော့"

နာသွားသော ခြေထောက်ကို ဂရုမမူနိုင်ပဲ အနီးနားရှိ တမာပင်နောက်သို့အမြန်ဝင်ပုန်းလိုက်ပြီး အိမ်ကြီး၏အရိပ်ခြေတစ်ခုလုံးကို စူးစမ်းကြည့်လိုက်သည်

"ဒီချိန်လောက်ဆို မေမေတို့အိပ်နေလောက်ပြီထင်တယ် "

ဟုဆိုကာ ခြံဝန်းတစ်ခုလုံးကိုသေချာအကဲခတ်ကြည့်လိုက်ပြီး အိမ်တံခါးမကြီးဆီသို့ အမြန်ချဉ်းကပ်သွားလိုက်သည်
ထို့နောက် တံခါးကိုဖြေးဖြေးချင်းဖွင့်လိုက်ပြီး အတွင်းဘက်အခြေအနေကိုသေချာကြည့်လိုက်သည် အထဲတွင် မည်သူမျှရှိမနေပါ ထို့ကြောင့် ခြေထောက်ကို ဖွဖြွခင်းဝင်လိုက်ပြီး နောက်လှည့်တံခါးပိတ်ကာ ဂျက်ပြန်ထိုးနေရင်း

"မိပန်းချီ"

'အမလေး...လန့်လိုက်တာ..."

သူမနာမည် အော်ခေါ်သံကြားလိုက်သောကြောင့် အလန့်တကြားထခုန်မိလိုက်သည်
သွားပြီ ဆိုသောအတွေး ဝင်လာကာ နောက်သို့ ဖြေးဖြေးချင်းလှည့်ကြည့်လိုက်တော့ လှေကားရင်းထိပ်ကနေ ကြိမ်လုံးကိုင်ပြီး ရပ်နေသော သူမ၏ ချစ်မေမေကြီး ကိုတွေ့ လိုက်ရသည်

"ညည်း နာရီကို ကြည့်လိုက်စမ်း"

ပန်းချီ ဧည့်ခန်းတွင်ချိတ်ထားသော နာရီကိုလှမ်းကြည့်လိုက်သောခါ လက်တံတိုမှာ ၁၀ ကိုညွှန်ပြနေပြီဖြစ်သည်

"ဟီးးဟီးး"

"ဘာ ဟီးဟီး လဲ ဒါမိန်းကလေးတစ်ယောက်ပြန်လာရမဲ့အချိန်လား ညည်းကိုငါအမြဲတမ်းပြောတယ် ပြောပေါင်းလဲမနည်းတော့ဘူး အခုဒါဘာအချိုးချိုးပြန်တာလဲ "

ကြိမ်လုံးကိုကိုင်ကာ ဆူရင်းလှေကားမှဆင်းလာသော မိခင်ကိုကြည့်လိုက်ပြီး ပန်းချီတစ်ယောက်စိတ်ထဲ ဒီတစ်ခါတော့ရိုက်ခံရမှာသေချာပြီ လို့တွေးနေလေသည်

"မဟုတ်ပါဘူးမေမေကလဲ သူငယ်ချင်းတွေနဲ့မုန့်စားနေတာကြာသွားလို့ပါ"

တစ်ချိန်ကတွေ့ခဲ့သည်ရှိသော်Tempat cerita menjadi hidup. Temukan sekarang