" ဘာလို့.. အကုန်ခံနေတာလဲ ငလူးရာ.. "
" အကုန်ခံတာမဟုတ်ဘူးဗျ! အရင်းအနှီးထည့်တယ်လို့ ပြောရတယ်.. "
ကြံရည်ထုပ်ကို လက်ထဲထည့်ပေးပြီး ခညောင်းဦးဘေးမှာ ဝင်ထိုင်လိုက်တဲ့လူးလွန့်မောင်က ခပ်ဆဆလေး မျက်ခုံးပင့်ပြလာသည်။
" အရင်းအနှီး.. ဘာအရင်းအနှီးလဲ.. "
" အဟွန်း! အနာဂတ်အတွက်ပေါ့ "
အနာဂတ်အတွက် အရင်းအနှီးထည့်ဝင်ရအောင်လည်း ခညောင်းဦးရဲ့အနာဂတ်ဆိုတာက အာမခံချက်မဲ့တဲ့ ဝိုးတဝါး ပန်းတိုင်ငယ်လေးတစ်ခုရယ်သာ။
" ဒါဆိုရင်.. မင်းရဲ့အရင်းအနှီးတွေ ဆုံးသွားပြီလို့သာ မှတ်ထားလိုက်တော့ ငလူး "
" ဘာမှကြိုမသိသေးဘဲ ဘယ်အရာကိုမှအပိုင်မတွက်ထားနဲ့ ငပြူးရ..! ထမင်းကိုသာ ကုန်အောင်စားစမ်းပါ.. ဟုတ်ပြီလား "
ဆံမြိတ်တွေဖုံးအုပ်ထားတဲ့ သူ့နဖူးလေးကို လူးလွန့်မောင်ကလက်သီးဆုပ်နဲ့ ခပ်ဖွဖွလှမ်းထုလာတာကြောင့် ခညောင်းဦး နှုတ်ခမ်းစူချင်သွားလေသည်။
" ဟွန့်! အာ့ မင်းကိုပြောရမှာလေ..။ ငါက စကားကုန်အောင် ပြောဖို့နေနေသာသာ.. တစ်နေ့တစ်နေ့ နပ်မှန်အောင်တောင်.. မနည်း ရှာဖွေနေရတာပါနော် "
" ကျစ်! မင်းတော်တော်စွာတတ်နေပြီပဲ။ ကျောင်းမှာ ဘယ်သူနဲ့ပေါင်းနေတာလဲ ငပြူး.. ငါ့မှန်မှန်ပြောစမ်း! "
" ဘယ်မှာစွာလို့.. မစွာပါဘူးနော်.. "
" ကြည့်! ငါ့ထပ်စွာရဲရင်လည်း စွာကြည့်လိုက်လေ.. "
ပြောနေရင်းက နှုတ်ခမ်းတထော်ထော်လုပ်ချင်သေးတဲ့ စွာတေးလန်လေးကိုကြည့်ပြီး လူးလွန့်မောင် အသည်းယားလာတာကြောင့် ခညောင်းဦးရဲ့ပါးနှစ်ဖက်အား အသာလေးဖျစ်ညှစ်လိုက်ရာ နှုတ်ခမ်းဖူးလေးမှာ အိခနဲနေအောင် စူထွက်လာလေတော့သည်။
" နျာဒယ်.. နလူး.. "
သူ့လက်တစ်ဖက်ကိုတောင် မဖယ်ရှားနိုင်တဲ့အင်အားလေးနဲ့ မပီကလာပီကလာ ထွက်လာတဲ့အသံကို လူးလွန့်မောင် ယခုချက်ချင်းပင် အရည်ကျိုသောက်ပစ်ချင်တဲ့အထိ အူယားနေမိရှာသည်။
YOU ARE READING
ငပြူးငလူး
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်
Part 8
Start from the beginning