အခနး်(7)

83 12 1
                                    

ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်

အပိုင်း(7)

အဲ့လိုနဲ့ပဲ ကလေးလေးဟာ သူမနဲ့အတူတူနေဖို့ဖြစ်လာတယ်

ကလေးက သူမလက်ပေါ်ရောက်လာပြီးထဲက လုံးဝမငိုတော့တာ

အစက နို့မရလို့ ပြဲပြဲလန်အောင်အော်ငိုနေမယ်ထင်ပေမဲလဲ ဘာကျွေးကျွေးစားပြီး လိမ်မာတယ်

တခုပဲ ကလေးက သူမရဲ့မျက်ဝန်းထဲတည့်စိုက်ကြည့်နေတတ်ကာ စိတ်ချခြင်းဆိုတဲ့စိတ်လေးတခုက ကလေးလေးရဲ့မျက်နှာပေါ်မှာပေါ်နေလေတယ်

ဒါက သူ့ကိုမိဘတွေကပစ်ခဲ့လို့ ဖြစ်ပေါ်လာတဲ့အထီးကျန်စိတ္တဇများလား

စုန့်ယင် တွေးလိုက်ပြီး ကလေးတခုခုမဖြစ်သရွေ့သူမလဲအေးဆေးပဲလို့တွေးပြီး အဲ့နေရာလေးမှာပဲအခြေချဖြစ်ခဲ့တော့တယ်

ဆယ်နှစ် ။။။

အချိန်က မျက်စိတမှိတ်အတွင်းဘာမှမဟုတ်သလိုပဲဖြတ်သန်းသွားတယ်ဒီအတောအတွင်းမှာကလေးလေးက တွားသွားတယ် မတ်တပ်ရပ်တယ် လမ်းလျှောက်တယ် စကားလဲပြောလာနိုင်တယ်

ဒါပေမဲ့ သူမကို မေမေလို့မခေါ်ပဲ အမြဲမမလို့ပဲခေါ်တယ် အဲ့ဒါကပဲ သူမကိုလဲစိတ်သက်သာစေတယ်

နောင်တချိန်မှ သူမက ‌ကလေးလေးရဲ့မေမေ မဟုတ်ဘူးလို့လဲမပြောချင်ဘူး ဒါ့အပြင် သူမလဲမေမေဖြစ်ဖို့ ယုံကြည်ချက်မရှိသေးဘူး အဲ့လိုအကြောင်းတွေကြောင့်ပဲ သူမ အဲ့ကိစ္စကိုဘာမှမတွေးမိခဲ့ဘူးလေ

အဲ့လိုနဲ့ ကလေးလေးကသူမလက်အောက်မှာတဖြေးဖြေးကြီးပြင်းလာပြီးကျောင်းနေဖို့အရွယ်ရောက်လာခဲ့တယ်

ကလေးကိုစိတ်မချလို့ သူမလဲ အဲ့ကျောင်းမှာပဲ သင်ကြားရေးနဲ့ ဝင်ရောက်လုပ်ကိုင်ခဲ့လေတယ်

အစကတော့ ဒီရွာက ပညာတတ်မရှိဘူး ဒါကြောင့်ပဲ ကျောင်းဆိုတာလဲမရှိဘူး မြို့ကကလေးတွေကကျောင်းတက်ရင်တက် မတက်ရင်လဲ အိမ်ကိုဆရာခေါ်ပြီးသင်ကြတာ

စုန့်ယင်က သူမရဲ့ကလေးကျောင်းတက်ရဖို့အတွက်နဲ့ ဟိုဟိုသည်သည်ပြေးလွှားခဲ့ပြီး ကျောင်းတကျောင်းဖြစ်မြောက်အောင် မနဲစီစဉ်ခဲ့ရတယ်

(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်(oc. Nl..uni & zgi )On viuen les histories. Descobreix ara