အခနး်(၄)

93 19 9
                                    

ကောင်းကင်ရဲ့သမီးတော်ကလူပြည်ကိုပြုတ်ကျလာတယ်

အခန်း(၄)

ယုန်ကလေးက သူမရဲ့ဇဝေဇဝါအကြည့်ကြောင့် ပိုကြောက်လာဟန်တူပါရဲ့ အောက်ကျနေတဲ့နားရွက်လေးကိုလက်လေးနှစ်ဖက်နဲ့ပိုက်ကာ သူ့ကိုယ်ကိုဖွက်လိုက်တော့ ဖင်မြှီးလုံးလုံးလေးပဲကျန်ခဲ့လေတော့တယ်

စုန့်ယင်။ ။ "...ချစ်ဖို့ကောင်းလိုက်တာ "

ယုန်ကလေး။  ။"ကျွန်တော်ကချစ်ဖို့ကောင်းပါတယ် ကျွန်တော်က အသားနဲပါတယ် ကျွန်တော်က စားလို့မရပါဘူး "

စုန့်ယင်။ ။ "......."

ယုန်ကလေးခမျာတုန်နေတာကြောင့် သူမလဲ ဖင်မြှီးလေးကနေမြောက်လိုက်ကာရင်ခွင်ထဲထည့်ဖက်လိုက်တယ်

"ဗိုက်ဆာလို့လား"

ယုန်ကလေးက စုန့်ယင်ကိုအသေအချာကြည့်လိုက်ပြီး အန္တရာယ်ပြုလိုစိတ်မရှိတာသေချာမှ တုန်ရီနေတာရပ်သွားပြီး စုန့်ယင်ကိုခေါင်းငြိမ့်ပြလာတယ်

စုန့်ယင်လဲဘေးဘီဝဲယာကိုကြည့်လိုက်ပေမဲ့ တိမ်လေးတွေပဲရှိတာကြောင့် တိမ်သေးသေးလေးကိုဖဲ့လိုက်တယ်

"အားရို့....."

တိမ်လေးတွေဆီကနာကျင်သံသေးသေးလေးထွက်လာပြီး မိုးရေစက်နဲနဲကျလာပေမဲ့ အဲ့ဒါပြီးတော့ ပွက်ခနဲမြည်သဲနဲ့အတူ စုန့်ယင်ဖဲ့ခဲ့တဲ့နေရာမှာ တိမ်ကလေးတွေပြန်အစားထိုးလာတာကြောင့် ဝမ်းနဲနေတဲ့တိမ်ကလေးတွေလဲ ပြန်ပျော်ရွှင်သွားကြတော့တယ်

ဒါပေမဲ့ စုန့်ယင်လက်ထဲက တိမ်လေးတွေက‌တော့ လိမ္မော်ရောင်မုန်လာဥနီလေးတွေအဖြစ်ကူးပြောင်းသွားပါပြီ

စုန့်ယင်။ ။ "အယ်"

တိမ်ကလေးများ။ ။ "အယ် "

လေညှင်းလေးများ။ ။"အယ်"

ယုန်ကလေး။ ။ "ဟီးးဟီးး"

ငါမုန်လာဥစားရတော့မယ်ကွ

မုန်လာဥနီက ကြီးမားကာအမွေးပြောင်ရှင်းနေပြီးရွှန်းစိုလွန်းကာ အရမ်းကိုအရသာရှိ‌မဲ့ပုံပေါ်တာကြောင့် ယုန်ကလေးခမျာ စုန့်ယင်ရင်ခွင်ထဲကမုန်လာဥနီဆီကိုဒိုင်ဗင်ပစ်လိုက်ပြီး လက်နှစ်ချောင်းခြေနှစ်ချောင်းနဲ့‌အသေခွထားတာကြောင့် စုန့်ယင်ကိုင်ထားတဲ့မုန်လာဥနီလေးမှာယုန်ဖြူဖြူလေးကတန်းလန်းလေးဖြစ်နေတော့တယ်

(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်(oc. Nl..uni & zgi )Where stories live. Discover now