မျက်လုံးတွေမှေးစင်ကာအိပ်ပျော်တော့မလိုဖြစ်နေသောပန်ဒိုရာကချက်ခြင်းမျက်လုံးပြူးသွားပြီးမင်းစေမဟာရဲ့လည်ပင်းကိုဆွဲညှစ်လိုက်ကာ

"မင်းဘာစောက်စကားပြောလိုက်တာလဲ!မင်းဘာအဓိပ္ပာယ်နဲ့ပြောတာလဲ"

ပန်ဒိုရာထိတ်လန့်မှုကြောင့်မျက်လုံးများနီရဲနေပြီးဒေါသကြောင့်တစ်ကိုယ်လုံးတုန်ယင်နေသည်။

သူရမြတ်သူက,ကျစ်တစ်ချက်သပ်ရင်း

"အရှင်ပဲကလေးကိုမလိုချင်ဘူးဆို,ကျွန်တော်မျိုးတို့ဒီကလေးကိုဖျက်စီးပြစ်ရုံအပြင်မရှိတော့ဘူးလေ!"

"ခွပ်!"

ပန်ဒိုရာသူရမြတ်သူကိုဆွဲထိုးလိုက်ပြီးထွေးခံဆီအပြေးအလွှားထွေးကာပါးစပ်ထဲလက်နှိုက်ပြီးအန်ထုတ်လိုက်သည်။သူအဆက်မပြတ်အန်ထုတ်ပြီး,ရင်ဘတ်ကိုတစ်ဘုန်းဘုန်းထုနေပေမယ်ထိုဆေးလုံးကထွက်မလာခဲ့။ပန်ဒိုရာမျက်ရည်များစီးကျလာခဲ့သည်။

'ကလေးလေးမရှိတော့ရင်,ကလေးလေးထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ'

နောက်ဆုံးသွေးများပါအန်ထုတ်လာတော့လူငါးယောက်ကမတည်ငြိမ်နိုင်တော့။

မင်းဆက်ဝဏ္ဏ,ကြိုးစားပြီးအန်ထုတ်နေသောအရှင့်ကိုထွေးပွေ့လိုက်ပြီး

"ဘာမှမဖြစ်ဘူးနော်ကလေးလေးကိုမထိခိုက်ဘူးမို့မစိုးရိမ်ပါနဲ့"

"ငါ..ငါဆေးသောက်လိုက်မိတယ်"

"အဲ့တာအားဆေးပါ"

"ဘာ!!!!!"

"ကိုယ်ဝန်ဆောင်မိခင်အတွက်အားဆေးတွေပါ"

"ထွက်သွား!!!!!!!!"

နဂိုကချစ်ခြင်းရနံ့တွေသင်းပျံ့နေသောအခန်းလေးမှာချက်ချင်းကိုသင်္ချိုင်းတစ်ခုလိုတိတ်ဆိတ်သွားပြန်တော့သည်။

"ကိုယ်ဝန်ဆောင်အားဆေးတွေတဲ့လားဟက်!ငါတစ်ချိန်လုံးအရူးလုပ်ခံနေရတာပေါ့လေ"

လူငါးယောက်ကသူ့ဆီအလှည့်ကျသော်လည်းကောင်းအုပ်စုဖွဲ့၍သော်လည်းကောင်ကြိမ်ဖန်များစွာလာရောက်ချော့မြူကြပေမယ့်ပန်ဒိုရာအနေနှင့်ဒေါသမပြေနိုင်သေး။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now