25

1.2K 120 3
                                    

ဘုရင်တစ်ပါးဖြစ်ဖို့အတွက်လေ့ကျင့်ရင်းဝိတ်ပင်အများကြီးကျသွားသည်။ပန်ဒိုရာသူ့ကိုယ်သူငုံ့ကြည့်လိုက်ပြီး

"ဟမ့်!ရုပ်ရှင်ထဲမှာတော့ဘုရင်ဆိုပုလ္လင်ပေါ်တက်ပြီးမိဖုရားတွေတစ်ပါးပြီးတစ်ပါးတော်ကောက်ရုံပဲငါ့အလှည့်ကျမှာပဲဘာတွေဖြစ်ကုန်တာလဲတကယ်ပဲရုပ်ရှင်ကလူတွေကိုလှည့်စားထားတာပဲ"

"ရုပ်ရှင်အဲ့တာကဘာလဲ"

"အရှင့်သားကမိဖုရားတွေတစ်ပါးပြီးတစ်ပါးတော်ကောက်ချင်တာလား"

"ခွင့်မပြုဘူးနော်"

"လုံးဝမရဘူး!!"

"အဲ့လိုကိစ္စမျိုးရှိလာရင်အရှင့်သားကိုသတ်ပြီးကျွန်တော်မျိုးပါသေပြစ်မယ်"

"တော်ကြစမ်း!မင်းတို့မှာဘာအလုပ်မှမရှိဘူးလားစစ်တပ်ကိစ္စကရောပြီးသွားပြီလားတရားသူကြီးဖြစ်လာမယ့်သူကရောဘာလို့ဒီလောက်အားယားနေတာလဲနန်းတွင်းမှာဒီလောက်အမှုတွေရှုပ်ထွေးနေတာကိုအချိန်တိုင်းဒီကိုပဲရောက်နေကြတယ်"

"အရှင့်သားကလည်း!"

လူငါးယောက်ကတစ်ပြိုင်ထဲမှီချလာတာကြောင့်ပန်ဒိုရာမှာနင့်ခနဲပင်။

"လေးတယ်!"

"အရှင့်သားကိုဘယ်သူကယောကျ်ားအများကြီးယူခိုင်းလို့လဲခံပေါ့"

"ဒါဆိုငါတို့လမ်းခွဲကြမယ်လေ"

".........."

"အာ..စတာစတာစိတ်မကောက်ကြနဲ့မင်းတို့ငါးယောက်လုံးကိုလိုက်မချော့နိုင်ဘူး"

စကားမပြောတော့ပဲတိတ်သွားသည့်လူငါးယောက်ကြောင့်ပန်ဒိုရာပြာပြာသလဲပြန်လည်ချော့မြူလိုက်ရသည်။ဒီလူတွေစိတ်ကောက်ရင်တကယ်မလွယ်ဘူး။တစ်ယောက်ချင်းစီကိုလိုက်ချော့ရသည့်အပြင်ပထမတစ်ယောက်ကိုချော့ပြီးလို့ဒုတိယလူဆီသွားပါကပထမလူကသူ့ဘေးနားမရှိပေးလို့စိတ်ပြန်ကောက်သည်။ပထမလူဆီပြန်သွားမိရင်လည်းဒုတိယလူကိုအနည်းဆုံးငါးရက်လောက်ချော့ရပြီဖြစ်သည်။

လူတစ်ယောက်ကိုနှစ်ခါချော့မိရင်လည်းဒေါသထွက်ကြပြန်သလို့မချောမိပဲကျန်ခဲ့ပြန်ရင်လည်းနီရဲနေသောမျက်လုံးများနှင့်မစားမအိပ်နေကာဆန္ဒပြကြပြန်သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now