6

1.5K 153 4
                                    

"အရှင့်သားအိပ်ရာထရမယ့်မနက်ခင်းရောက်လာပါပြီ"

ပန်ဒိုရာပေတေအိပ်နေပေမယ့်ကုန်းကုန်ကသူ့​ရဲ့ခြေဖဝါးလေးတွေကိုလက်နှင့်ကုတ်ခြစ်နေတာကြောင့်အိပ်ယာမှလူးလဲထလိုက်ပြီး

"ကုန်းကုန်း...ဒီမင်းသားကိုအရိုအသေမဲ့ရဲတယ်လား!!"

ပန်ဒိုရာဒေါသတကြီးမာန်ဖီးပြလိုက်ပြီးမှပါးစပ်ဟကသူ့ကိုကြောင်ကြည့်နေသောသတိုးကျော်စွာကြောင့်မျက်နှာကြီးနီရဲသွားတော့သည်။ညှပ်ပြစ်လို့မရတဲ့ဆံနွယ်ရှည်ရှည်တွေကဖရိုဖရဲနှင့်ခန္ဓာယ်ကိုယ်ပေါ်ပုံကျနေပြီးအဝတ်တွေကလည်းဖရိုမရဲဖြစ်နေကာအဖြူလွန်ပြီးအနီရောင်သန်းနေသောအသားအရေကိုပင်မြင်နေရသည်။

"အရှင့်သားပထမသခင်လေးကလက်ဖက်ရည်အတူသောက်ဖို့ရောက်လာပါတယ်"

"အမ်..ငါသိပြီ!"

ပန်ဒိုရာရှက်ကိုရှက်ကန်းနှင့်ကုတင်အောက်ဆင်းမယ်လုပ်တော့အရပ်ထက်ရှည်တဲ့ဝတ်ရုံကြောင့်သူ့ဟာသူပြန်နင်းမိပြီးကြမ်းပြင်အောက်မှောက်လျှက်သားလဲကျသွားတော့သည်။

"အာ့!!"

"အရှင့်သား!!!"

ကုန်းကုန်ကပြေးထူလာပြီ

"အရှင့်သားအတွက်မျက်နှာသစ်ဖို့အမြန်ယူလာခဲ့ကြစမ်း!"

သတိုးကျော်စွာမှာတော့ထရမလို၊ထိုင်ရမလိုနှင့်ဘာလုပ်ရမှန်းပင်မသိတော့။

အပျိုတော်တွေကပြေလွှားကာခနလောက်အလုပ်ရှုပ်ပြီးသွားတဲ့နောက်မှာတော့ပန်ဒိုရာသတိုးကျော်စွာနှင့်အေးအေးဆေးဆေးလက်ဖက်ရည်သောက်နိုင်သွားပြီဖြစ်သည်။

"အရှင့်သားအတွက်လက်ဖက်ခြောက်တွေလာပို့ပေးတာပါမြို့တော်ကခြံထွက်တွေမို့တကယ်အရသာအရမ်းကောင်းပါတယ်"

"........"

'မဟုတ်ဘူးငါကဘာလုပ်ရမှန်းမသိလို့လက်ဖက်ရည်တွေပဲဖိသောက်ခဲ့တာပါကြိုက်လွန်းလို့မဟုတ်ပါဘူးဘာလို့ငါ့ဆီလက်ဖက်ခြောက်တွေပဲပို့နေကျတာလဲငါ့ဂိုဒေါင်လည်းလက်ဖက်ခြောက်တွေနဲ့ပြည့်နေပြီ'

"အရှင့်သားကြိုက်ရဲ့လား"

"ကျေးဇူးတင်ပါတယ်ယောက်ဖတော်ငါအရမ်းကြိုက်တယ်"

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now