22

1.7K 149 3
                                    

အင်ပါယာမှသူငယ်ချင်းကောင်း,လေးမှာဂတိတည်စွာပင်လက်နက်အမျိုးမျိုးကိုပါရှားနိုင်ငံထဲပို့ဆောင်ပေးခဲ့သည်။မူးယစ်ရာဇာကြီးပန်ဒိုရာမှာနှလုံးတည့်တည့်ဖြတ်ဝင်လာခဲ့ဖူးသောကျည်ဆံများကြောင့်သေနတ်များကိုတွေ့ဆုံရမှာကြောက်ရွံသလိုခံစားရပြီးဝေးဝေးနေချင်ခဲ့ပေမယ့်နောက်ဆုံးတော့မတတ်နိုင်စွာအခြေအနေကိုလက်ခံလိုက်ရတော့သည်။ထူးခြားဆန်းကြယ်သောလက်နက်များကိုအိမ်ရှေ့စံကအသုံးပြုပြသောအချိန်တွင်မှူးမတ်များမှာထိတ်လန့်တုန်လှုပ်လာကြတော့သည်။သူတို့ဘယ်ဘက်ကရပ်တည်ရမယ်ဆိုတာကိုရှင်းလင်းစွာသဘောပေါက်သွားကြပြီးသူတို့ရဲ့သဘောထားများကိုနည်းနည်းလေးမှယိမ်းယိုင်ခွင့်မပြုတော့။

ခေတ်သစ်ကလာသောပန်ဒိုရာမှာယမ်းသေနတ်များကိုဘေးသို့ဖယ်ထုတ်ပြီးကျည်ဆံသေနတ်များကိုဖန်တီးပြုလုပ်ခဲ့သည်။လက်နက်ဆန်းအမျိုးမျိုးနှင့်ပြင်းအားအမျိုးမျိုးတို့ကိုပြန်လည်ဆန်းသစ်ကာအင်ပါယာသို့လက်ဆောင်အဖြစ်ပြန်လည်ပေးဆောင်လိုက်သည်။

လက်နက်များကိုမြင်ပြီးသွားသည်နှင့်တစ်ပြိုင်နက်အင်ပါယာအိမ်ရှေ့စံမှာပုလ္လင်ပေါ်တွင်မထိုင်နိုင်လောက်အောင်ဖြစ်ခဲ့ရသည်။ဘယ်လိုလုပ်..ဘယ်လိုလုပ်ဒီလိုမျိုးဆန်းကျယ်တဲ့နည်းပညာကရှိနေရတာလဲ။သူတို့တိုင်းပြည်မှပညာရှင်များစွာကနှစ်ဆယ်ချီကြာအောင်တီထွင်ခဲ့ရသောလက်နက်တစ်ခုကိုဘယ်လိုလုပ်ပါရှားတိုင်းပြည်ငယ်လေးကတစ်လထဲနဲ့ပိုကောင်းတဲ့အရာများစွာကိုပြုလုပ်နိုင်ရတာလဲ။

'မဖြစ်သင့်ဘူးမလား'

အရင်ကအင်ပါယာကကြီးကျယ်မြင့်မြတ်ပြီးနိုင်ငံငယ်လေးတွေကိုအထင်သေးလေ့ရှိကြပေမယ့်အခုကြတော့ရော။သူတို့အိမ်ရှေ့စံကဘယ်လိုတွေလုပ်ထားသလဲမသိပေမယ့်ပါရှားကလေးငယ်လေးကတောင်အင်ပါယာစကားပြောလာနိုင်တာကအတော်ကြောက်ရွံ့ဖို့ကောင်းသည်။

မြင့်မြတ်သည့်စာပေကိုဆင်းရဲသားကလေးတွေကပါတတ်မြှောက်တာကရောဘာတွေလဲ။သို့ထက်အရေးကြီးကဒီလိုအဖျက်စွမ်းအားကြီးသည့်လက်နက်များကိုပါပိုင်ဆိုင်ထားသေးသည်။သူ့နိုင်ငံကျူးကျော်မခံရနိုင်ဘူးလို့သူမယုံကြည်နိုင်တော့။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now