38.အချစ်=လူသားဆန်မှု

Start from the beginning
                                    

ဘဲ့ဒူတောင်သို့ရောက်ဖူးတာ ဒုတိယအကြိမ်ပင် ၊
ပထမအကြိမ်ကတော့ ၁၀ နှစ်သားတုန်းက ဓားဒဏ်ရာ သက်သာစပြုချိန်မှာ ဟွန်းအကြောင်းမေးဖို့ လာခဲ့ဖူးတာသတိရသည်။

ထိုစဥ်ကတော့ ဟွန်းကိုဆုံးရှုံးလိုက်ရပြီဟူသောအသိကြီးဖြင့် ဘဲ့ဒူတောင်မှ ပြန်လာခဲ့ရပေမယ့် ယခုတော့ ဟွန်း နဲ့အတူ ခရီးကြမ်းတစ်ခုကိုစိတ်တူကိုယ်တူလျှောက်လှမ်းဖို့
နောက်တစ်ခါထပ်ရောက်လာရသည်။
ဒီတစ်ခါတော့ နှစ်ယောက်လုံး အသက်ရှင်လျက် အိမ်သို့ပြန်သွားနိုင်ရမည်။
.
.
"  စစ်သူကြီးချုပ်က  ဆန္ဒပြပွဲမှာ ေတာ်လှန်ပုန်ကန်ဖို့ပြောင်ပြောင်တင်းတင်းစည်းရုံးပြီး စာသင်သားတွေကိုခေါ်သွားတယ်လို့ပြောလိုက်တာလားမောင်မင်း "

ဘုရင်၏ အမျက်တော်ဖြင့် အော်လိုက်သံသည် ညီလာခံခန်းမအပြင်သို့တိုင် လွင့်ပျံလာသည်။

" စစ်သူကြီးချုပ်ရဲ့အပြစ်က ခွင့်လွှတ်နိုင်စရာမရှိပါဘူးအရှင်မင်းကြီး ယခုချက်ချင်း ဘဲ့ဒူတောင်ကိုစစ်တပ်ကြီးစေလွှတ်ပြီးစစ်သူကြီးချုပ်ကို အရှင်ဖမ်းပြီး မြို့လယ်ခေါင်မှာ ကွပ်မျက်သင့်ပါတယ်။
ဒါမှနောက်ထပ် ဒီလိုတော်လှန်ပုန်ကန်ဖို့ မကြံစည်ဝံ့ကြမှာဖြစ်ကြောင်းပါ"

စစ်သူကြီးချုပ်ရဲ့ဦးရီးတော်သေနာပတိချုပ်ကြီးရဲ့စကားကို မျိုူနွယ်စုခေါင်းဆောင်များက ထောက်ခံကြသည်။

" ဘဲ့ဒူတောင်ဆိုတာ ဂျိုဝီတွေရဲ့အင်မအခြေစိုက်စခန်းပါအရှင်မင်းကြီး၊
ဘဲ့ဒူတောင်ရဲ့ ရေမြေပတ်ဝန်းကျင်အခြေအနေနဲ့ နယ်​မေကျွမ်းကျင်မှုမှာ ဂျိုဝီတွေကိုယှဥ်နိုင်သူမရှိတာကြောင့် တဇွတ်ထိုးချီတက်စစ်ဆင်တာမျိုုးမလုပ်သေးဘဲ ခဏလောက်အခြေအနေကိုစောင့်ကြည့်ပြီးမှ သွားလည်းမမှားပါဘူးအရှင်မင်းကြီး။

မျိုးနွယ်စုအကြီးအကဲတွေရဲ့တပ်တွေရယ် စစ်သူကြီးချုပ်နောက်လိုက်မသွားဘဲကျန်ခဲ့တဲ့ တပ်တွေနဲ့တင် စစ်သူကြီးချုပ်ကိုကောင်းကောင်းနှိမ်နင်းနိုင်နေပြီမို့ အခြေအနေကြည့်ရင်း နယ်မြေကျွမ်းကျင်အောင်အရင်စုံစမ်းသင့်ကြောင်းပါ"

Majestic Love Story In Dae Goguyeo Where stories live. Discover now