"---"

"ဟော...ထသေးဘူးလားကွယ် မင်းဖေဖေတောင် ခရီးသွားခဲ့ပြီ တီလေး မင်းအတွက် နန်းကြီးသုပ်ဝယ်လာတယ် မနက်စာစားရအောင် ထတော့နော်"

"တီလေး...ကျွန်တော်လေ ဖေဖေ့ထပ် တီလေးကို ပိုချစ်တယ် သိလား ဒါပေမယ့် မနက်ခင်းအိပ်ရတာကို ပိုချစ်တယ်"

"စားပြီး ပြန်အိပ်လေနော် ခဏထခဲ့ လာ"

"ဟုတ်"

အောက်ထပ် မီးဖိုခန်းထဲ တီလေးပြင်ပေးတဲ့ နန်းကြီးသုပ် ထစားလိုက်သည်။

"ဖြိုးလေး ကျောင်းကဘယ်လိုဖြစ်ရတာလဲကွယ်"

"ကျွန်တော် ဘာမှစိတ်မဝင်စားဘူးဖြစ်နေတယ်တီလေးရာ"

"မင်းခံစားချက်ကို နားလည်ပါတယ် ဘဝရှေ့ရေး‌ဆိုတာလည်း ရှိသေးတယ်လေ မင်းနားလည်တယ်မဟုတ်လား"

"ဟုတ်ကဲ့"

"တီလေး အများကြီးတော့ မပြောချင်ဘူး မင်းက စဉ်းစားဆုံးဖြတ်တတ်တဲ့ အရွယ်ရောက်ပြီဆိုတာ တီလေးသိသလို မင်းလည်း သိတယ်"

"ဟုတ်ကဲ့"

ငယ်ရွယ်တဲ့ အသက်အရွယ်ဖြစ်နေသေးလို့လားတော့ မသိဘူး တစ်ခုခုကို ဆုံးရှုံးပြီးတဲ့အခါ တော်ရုံ မဖြေသိပ်နိုင်တတ်ခဲ့ဘူး။

ဖေဖေအိမ်မှာမရှိတော့ ကျောင်းမသွားတဲ့အပြင် ညဆို club တွေသွား bar တွေသွားနဲ့ အချိန်ကုန်ခဲ့သည်။တီလေးကိုတော့ သူငယ်ချင်းတွေအိမ်မှာ အိပ်မယ်လို့ပြောလိုက်သည်။

----------

"ဖြိုးလေး ဖေဖေ နေ့လည်ပြန်ရောက်မယ်ပြောတယ် ဒီနေ့တော့ အပြင်မသွားပါနဲ့တော့နော် သူအရေးတကြီး ပြောစရာရှိတယ်တဲ့"

"အင်း သူပြောတာနားထောင်ပြီးရင် သွားလို့ရပြီမလား ခဏစောင့်ပေးပါ့မယ်"

"တီတီတော့ ဖြိုးကို လမ်းမှန်ရှာတွေ့စေချင်တယ်ကွယ်"

တီလေးကိုတော့ ကျွန်တော် တကယ်သံယောဇဉ်ရှိတာမို့ ဘာတစ်ခုမှ ငြင်းခုံပြန်ပြောတာမျိုး မလုပ်ပါ။

မေမေမရှိတဲ့ နောက်ပိုင်း တီလေးကပဲ အနားမှာ တိုင်ပင်ဖော် တိုင်ပင်ဖက် ရှိခဲ့ပေးတော့ ပိုပြီး ချစ်ခင်ရပါသည်။

တီချယ် ဆိုတဲ့ ပန်းလေးတစ်ပွင့်Where stories live. Discover now