" ဂျီမင် အံ့ဩသွားတယ်မလား ?"
သူ့အရှေ့မှာ လာရပ်ပြီး အလှဆုံးအပြုံးလေးနဲ့ သူ့ကို ကြိုဆိုနေတဲ့ ဟန်ဆိုးဟီးကြောင့်
" ဒူနာ အရမ်းလှနေတယ် "
" အံမယ် အစကထဲက လှပြီးသားပါ ၊အခုက နည်းနည်းလောက်လေး ဆေးတင်လိုက်တာပဲ "
ဟန်ဆိုဟီးစကားကြောင့် ဂျီမင်နဲ့ ဟန်ဆိုဟီးနှစ်ယောက်သာ ပြုံးရယ်နေပေမဲ့ ကင်မ်ထယ်ယောင်းကတော့ မင်ဟိုနဲ့ ခွက်ချင်းတိုက်ကာ
" ဘယ်လိုလဲ အိမ်ကိုခေါ်ခဲ့ပြီးလား ?"
ကင်မ်ထယ်ယောင်း ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါပေ။
" မင်းကလေ ..ဘာဖြစ်ဖြစ်၀န်ခံရမှာကို သေအောင်ကြောက်တဲ့ကောင်ပဲ "
" ဘာကို ၀န်ခံရမှာလဲ ?"
ကင်မ်ထယ်ယောင်းနဲ့ မင်ဟိုက နှစ်ယောက်တစ်ဝိုင်းလုပ်ကာ စကားပြောနေသလို ၊ ဂျီမင်နဲ့ ဟန်ဆိုဟီးကလည်း တစ်ဝိုင်းစကားပြောနေလေသည် ။ သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့လူတွေပဲသာ ရှိတဲ့ပွဲမို့ ဂျီမင်အတွက်လည်း နေရတာ လွတ်လပ်သည်။ အခြားလူတွေနဲ့ သိပ်မရင်းနှီးပေမဲ့ ဟန်ဆိုဟီးက သူ့ဘေးနားမှာ လာထိုင်ကာ စကားပြောပေးနေတာကြောင့် သူ့အတွက်က ဒီပွဲမှာ ကြောင်၍မနေပါ ။
" ရား ..ကင်မ်ထယ်ယောင်းမတွေ့တာ ကြာပြီနော် ..."
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အလုပ်တွဲလုပ်တာဆိုလို့ မင်ဟိုပဲရှိလေသည်။ ကျန်တဲ့လူတွေကိုတော့ ရင်းနှီးယုံ ရင်းနှီးပြီး အလုပ်တွဲလုပ်ဖို့ ပြောလာရင်လည်း ကင်မ်ထယ်ယောင်းက မခေါ်ပေ ။
" ပြော ..ဘာအကူအညီ လိုလို့လဲ ?"
" ငါတို့သူငယ်ချင်းက ပြောတောင်မပြောရသေးဘူး သိနေတာပဲ "
ဒါကရိုးနေကျ ကိစ္စတစ်ခုပဲလေ ။ ဒါကြောင့်မို့ အလုပ်အတူလုပ်ဖို့ကို ကင်မ်ထယ်ယောင်းက အမြဲငြင်းတာ ။ အကူအညီတောင်းတယ်ဆိုတာထက် ပိုလွန်းကာ တောင်းတက်တဲ့သူတွေဖြစ်သည် ။
" လီယွန်းဝူ ..!!"
ဖိတ်ထားတာမဟုတ်ပဲရောက်လာတာကြောင့် မင်ဟိုအံ့ဩသွားလေသည်။ ကင်မ်ထယ်ယောင်းမမှိန်မသုန်နဲ့ လီယွန်းဝူကို ကြည့်လိုက်သည် ။
![](https://img.wattpad.com/cover/355006895-288-k382252.jpg)
The End
Začít od začátku