" လက်က ဘာဖြစ်လာတာလဲ ?"
ဘူဆန်ကိုရောက်ရောက်ချင်း သူ့ကိုထားခဲ့ပြီး ကားယူကာ ထွက်သွားတဲ့လူသည် အခုတော့ သူ့ကို ဖုန်းပြန်ခေါ်ကာ လာခေါ်ခိုင်းလေသည် ။ လမ်းတစ်၀က်မှာ ရပ်ထားတာကြောင့် ကားဆက်မမောင်းနိင်လို့ သူ့ကို လှမ်းခေါ်တာဖြစ်သည် ။ ကင်မ်ထယ်ယောင်းကို ဘယ်ဘက်လက်မောင်းကို သူအကြည့် ရောက်သွားလေသည် ။ အင်္ကျီက သွေးတော်တော်စွန်းထင်းနေတာမို့ သူတောင်လန့်သွားသည် ။
" အရင်မောင်း ..ပြီးရင် ဆရာ၀န်ကိုခေါ်ပေး "
ကင်မ်ထယ်ယောင်း၀ယ်ထားတဲ့ အိမ်အသစ်ကို ဒီတစ်ခေါက်မှ သူသိရလေသည်။ ဒီနေရာကိုအရင် ပတ်ဂျီမင်နဲ့လာတယ်လို့ ကင်မ်ထယ်ယောင်း အိမ်ထဲကို ၀င်တုန်းက ပြောခဲ့သည် ။
" အဆင်ပြေပါ့မလား... မင်းပုံက ဆေးရုံကိုသွားမှ ရတော့မယ် "
" ငါပြောသလိုသာ လုပ် .."
ဖြူဖျော်နေတဲ့လူက ဆေးရုံမသွားချင်လည်း သူကတော့ ပို့ပေးရမှာပဲ ။ ဒီအပုံအတိုင်းဆို သေသွားဖို့ပဲ ရှိတယ် ။
" ဘယ်သွားနေတာလဲ အိမ်ကိုမောင်း .."
" ဆေးရုံကိုသွားရမယ် ကင်မ်ထယ်ယောင်း ..ငါပြောတာကို တစ်ခါလောက် နားထောင် ..မင်းလက်မောင်းက ဒဏ်ရာနဲ့ ပတ်သက်ပြီး မင်းမသိစေချင်ရင် မဖြေရဘူးလို့ ငါအာမခံတယ် ၊ ဆေးရုံသာ ခနလောက်တက်လိုက်စမ်းပါ "
" ဒီကောင်တော့ "
ကင်မ်ထယ်ယောင်းက ပြောယုံပဲ ပြောနိင်တော့ မင်ဟိုကဂရုမစိုက်ပါ။ တကယ်ပဲ ဆေးရုံကိုပဲ တန်းမောင်းလေသည် ။ ဆေးရုံတက်ရမှာ သေအောင်ကြာက်နေတာ ။ ဒါနဲ့ပတ်သက်ပြီး သူသေချာတော့ မေးကြည့်ပါအုန်းမယ် ။ ဟိုတစ်ယောက်နဲ့ ဘာဖြစ်လာလဲတော့ မသိပါ။ နစ်ယောက်သားက တင်းမာရင် ပြတ်တော့မယ်နဲ့ တူသည် ။ ၀င်မကောင်းတဲ့ ကြားမို့ ၀င်မပါချင်ပေမဲ့ ကိုယ့်သူငယ်ချင်းရဲ့ ပုံစံကို သိနေတော့ ၀င်မပါချင်လည်း ပါ၀င်မှရမည်။
...
"'ဂျီမင်မရှိတော့ ဒူနာကတော့ Company မှာ ပျင်းသွားတာပေါ့ ၊ ပိတ်ရက်တော့ ဂျီမင်ဆီကို လာလည်ချင်ပေမဲ့ အိမ်က လူတွေကို ဂရုစိုက်ရသေးတယ်လေ ..ဂျီမင်အဆင်ပြေရင် ဆိုးလ်ကိုတက်လာပါအုန်း "
![](https://img.wattpad.com/cover/355006895-288-k382252.jpg)