🔥 12 🔥

1.6K 224 60
                                    

" ရူးနေလား ငါ့အဖေကို မတွေ့ရဘူးဆိုတာ ...ကင်မ်ထယ်ယောင်း ..မင်းဘာသဘောနဲ့ ဒီလောက်ထိ လုပ်နေလဲ မသိပေမဲ့ ငါမင်းကို .."

" ခင်ဗျားရဲ့ ‌ဖြေရှင်းချက်ကို ကြားချင်တာမဟုတ်ဘူး ၊ ခင်ဗျားအဖေဆီကနေ ခင်ဗျားကို ၀ယ်ထားပြီးပြီ ဆိုတာကို အသိပေးယုံလေးပဲ "

ဂျီမင်လက်ထဲကနေ စာချုပ်ကို ထယ်‌ယောင်းကအနောက်ကနေ ယူလိုက်လေသည်။ ဂျီမင်မနေနိုင်တော့ပဲ ထယ်ယောင်းဘက်ကို လှည့်ပြီး

" အကြောင်းပြချက်က ဘာလဲ ကင်မ်ထယ်ယောင်း ...ငါလည်းမင်းကို သဘောမကျသလို ၊ မင်းလည်း ငါ့ကို သဘောကျနေတာမျိုးမဟုတ်ပဲ  မင်းပျော်ဖို့အတွက် ဆော့ကစားရမဲ့ အရုပ်လို လာလုပ်နေရတာလဲ ..ဒီနေ့အထိ မင်းဘက်ကို နစ်နာအောင် ငါပဲလုပ်မိသလား ..မင်းပဲ လုပ်နေတာမလား ?"

တရက်စပ်ကိုပြောနေသော ဂျီမင်ကြောင့် ထယ်ယောင်း လက်သန်းနဲ့ နားကို ကလော်လိုက်ရင်း

" ခင်ဗျားဆီက ဘာမှထပ်မကြားချင်ဘူး ၊ ခင်ဗျားအ‌ဖေဆီကနေ ပြန်ရင် ကျုပ်ဆီကို ချက်ချင်းလာခဲ့  ..ခင်ဗျား ၂၄နာရီအတွင်း ကျုပ်ဆီမလာတာနဲ့  ခင်ဗျားအဖေကို ထောင်ထဲမှာပဲ သွားတွေ့လိုက်ပေါ့ .."

ထယ်ယောင်းလက်တစ်ဖက်က ဂျီမင်ရဲ့ မေးဖျားလေးကို ပင့်လိုက်တော့ ဂျီမင် လက်ဖြင့် ပြန်ရိုက်လိုက်သည်။ မျက်လုံးအကြည့်တွေက " မထိနဲ့ " ဆိုတဲ့ သဘောဖြစ်လေသည်။ထယ်ယောင်းကလည်း   ထိုသို့အကြည့်နဲ့ လာကြည့်ရင် ပို၍တောင် ထိချင်သေးသည်။ ဂျီမင်ရဲ့ ပုခုံးနှစ်ဖက်ကို ထယ်ယောင်းလက်နှစ်ဖက် ဆုပ်ကိုင်လိုက်ရင်း

" ခင်ဗျားအဖေ စာချုပ်မှာ လက်မှတ်ထိုးပြီး ကထဲက ခင်ဗျားကို ကျုပ်ပိုင်သွားပြီ ဘေဘီ .... ကျုပ်ထိလို့ရတယ် ၊ နောက်ပြီး .."

ထယ်ယောင်းလက်သည် ပုခုံးပေါ်ကနေ တစ်ဖြေးဖြေးဆင်းသွားပြီး ဂျီမင်ရဲ့ရင်ဘတ်ကို ညှစ်လိုက်ရင်း

" မင်း ..."

ဂျီမင်လက်က လေ‌ပေါ်မြှောက်သွားသည်နှင့် ထယ်ယောင်းက ဖမ်းဆွဲလိုက်ရင်း

" ကျုပ်ပါးကို ခင်ဗျားလက်နဲ့ တစ်ခါပဲ ထိခွင့်ရမယ် ၊  နောက်ထပ် မျှော်မလင့်နေနဲ့ "

" Bad Husband" ( Complete)Where stories live. Discover now