🔥 16 🔥

1.8K 232 23
                                    


ကိုးရီးယားကို ပြန်ရောက်တယ်ဆိုတာနဲ့  အလုပ်ကိုသာ သူတို့တွေ အာရုံစိုက်ရလေသည်။ ကင်မ်ထယ်ယောင်းရဲ့ ပြောင်းလဲသွားမူတစ်ခုက အ၀တ်အစားပင် ဖြစ်လိမ့်မည်။ Shirt လက်ရှည်အစင်းတွေကို တံတောင်လောက်ခေါက်ပြီး Pantနဲ့ တွဲ၀တ်လာလေသည်။ ၀တ်စုံပြည့်ထက် ဒီပုံစံကတော့ လူငယ်နည်းနည်းပိုဆန်လေသည်။ လူမိုက်ဆန်ဆန် ဆံပင်တွေကိုလည်းအလယ်ခွဲပြီး လက်ချောင်းများဖြင့် သတ်တင်ထားသလိုပုံစံနဲ့ စပရေ ဖြန်းထားလေသည်။ အလယ်ခွဲထားတဲ့ နစ်ဖက်ထိပ်နားက သတ်တင်ထားတဲ့ ဆံပင်နေရာကတော့ အနည်းငယ် မို့မောက်နေလေသည်။

" မနက်စာ စားဖို့နောက်ကျနေပြီး "

သူကတော့ ရိုးရှင်းတယ် ။ Sweatshirt နဲ့ဟုတ်ရင်ဟုတ် မဟုတ်ရင် T Shirt နဲ့ကို Loose pantsလေးနဲ့ တွဲ၀တ်တက်သည်။ နဂိုဆံပင်ကလည်း ကင်မ်ထယ်ယောင်းလောက်လည်းမရှည်သလို ၊ ဆံပင်ကိုအချိန်တွေ တအားပေးပြီး ပြင်နေရတာ မကြိုက်ပါ ။

"  အရင်စားနှင့် .."

မှန်ကိုသာ ကြည့်၍ သူ့ကို ပြောလေသည်။ သူစားပြီးတာ နာရီ၀က် ကျော်နေပြီး ။ အခုထိ အခန်းထဲက မထွက်နိင်သေးတဲ့လူကြောင့် သူစိတ်မရှည်ပါ ။ မနက်တိုင်း ဒီလိုပဲ လုပ်နေလေသည်။ အိပ်တာလည်းနောက်ကျတယ် ။  ညနက်ကထိသာ မက တစ်ခါတစ်လေ အိပ်ချိန်ကို ၂နာရီ ၊ ၃နာရီလောက်ပဲ ယူတက်သည်။ သူကတော့ အိပ်ချိန်တော့ ကောင်းကောင်းအိပ်ပါလို့ ပြောမည်မဟုတ်ပါ ။  အိပ်ချိန်မမှန်လို့ ဂေါက်သွားရင် လွတ်လပ်တယ်ဆိုပြီးပဲ တွေးထားလေသည်။

" စားပြီးပြီး အလုပ်လည်း နောက်ကျတော့မယ် "

" နေပါအုံး အလုပ်နောက်ကျမယ် လာပြောရအောင် ကျုပ်က အလုပ်သမားလား ?"

အင်္ကျီနောက်နားစကို ဘောင်းဘီထည့်နေရင် သူ့ဘက်ကို လှည့်ကြည့်လေသည်။ အလုပ်သမားမဟုတ်လည်း အလုပ်ကို လေးစားရမှာပေါ့ ။ ရှယ်ယာရှင်တွေက သူ့တို့ထက် အများကြီးငယ်တဲ့လူကို ဥဏ္ဍဌနေရာကို ပေးထားတာ စိတ်ထဲက လိုလိုချင်ချင်နဲ့ ပေးထားတယ်ထင်နေလားမသိ ။ တစ်ခုမှားတာနဲ့ ရိုက်ချဖို့စောင့်နေတာ သူ့ထက်ပိုသိရက်သားနဲ့ ။

" Bad Husband" ( Complete)Where stories live. Discover now