"အရှင်..တစ်ကယ်သူ့ကိုတော်ကောက်မှာလား!!!"

မင်းစေမဟာက,ဒေါသထိန်းထားရသောမျက်နှာဖြင့်အသံကျယ်ကျယ်အော်ဟစ်လာသည်။

"ပေါက်ကရတွေကိုယ်ဘယ်တော့မှအဲ့လိုလုပ်ရပ်မျိုးလုပ်မှာမဟုတ်ဘူးကိုယ်ပြုစုထားရတဲ့ကလေးတွေဆိုပြီးအခွင့်အရေးယူမှာမဟုတ်သလိုကိုယ်ချစ်ရတဲ့အမျိုးသားတွေကိုလည်းတစ်ခြားလူတွေနဲ့တန်းတူမထားနိုင်ဘူး"

"တကယ်လား"

"အင်းကိုယ့်ကိုယုံလိုက်ကိုယ့်ဘဝမှာမင်းတို့ငါးယောက်ကလွှဲပြီးဘယ်သူမှထပ်မရှိစေရဘူး"

ကြာပန်းရနံ့သင်းနေတဲ့ကြာကန်လေးကပန်ဒိုရာအကြိုက်ဆုံးနေရာလေးဖြစ်သည်။

အမျိုးသားငါးယောက်ကတင်ပျဥ်ခွေထားသောအမျိုးသားရဲ့ခြေထောက်ပေါ်ခေါင်းအုံးပြီးကြပ်သိပ်စွာအိပ်နေကြသည်။

"အရှင်အဲ့ပန်ချီဆွဲတဲ့မိန်းကလေးကိုအရေးမယူတော့ဘူးလား"

"မယူတော့ဘူးကိုယ်စုံစမ်းပြီးသွားပြီသူမမှာအပြစ်မရှိဘူး"

"ဒါပေမယ့်!"

"အပြစ်မရှိတဲ့လူကိုအပြစ်မပေးရဘူး"

"အရှင်အဲ့နေ့ကပုံထဲမှာဘာလို့ကျွန်တော်မျိုးမပါတာလဲ"

"သူတို့မပါပဲမင်းတစ်ယောက်ထဲနဲ့လဲအကြိမ်များစွာလုပ်ဖူးတာပဲလေ"

"သေနတ်အဲ့ဒီသေနတ်ဆိုတဲ့ဟာကိုအရှင်ဘယ်လိုများတီထွင်နိုင်ရတာလဲကျွန်တော်မျိုးမှာတော့ကြည့်ရင်းတောင်ခေါင်းမူးလာတယ်"

"အင်း..အဲ့တာကတော့ကိုယ်ဝါသနာအပါဆုံးအလုပ်ပဲဘာကြောင့်ကျွမ်းကျင်နေသလဲတော့ကိုယ်လဲမသိဘူး"

"အရှင်ကလက်နက်ပုန်းပညာကိုဘာကြောင့်သင်ယူခဲ့တာလဲ"

"အရှင်ကနာရီကိုဘယ်လိုသိခဲ့တာလဲ"

"အရှင်ကတိုင်းပြည်ကြီးအေးချမ်းသွားအောင်ဘယ်လိုအုပ်ချုပ်နိုင်တာလဲ"

"ကျွန်တော်မျိုးတို့ကိုဘာကြောင့်ချစ်မိသွားတာလဲ..ဘာကြောင့်အာဏာကြီးလာတော့ကျွန်တော်မျိုးတို့ကိုဂလဲ့စားမချေတာလဲ"

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now