Extra - 1

2.9K 255 76
                                    

Warning - Mpreg

နှစ်နှစ်ကြာပြီးနောက်..

"ကျန့်ကော ဘယ်မှာလဲ.."

"ကြင်ယာတော်လေးက ဥယျာဉ်ထဲမှာ သက်တော်စောင့်တွေနဲ့ ကျားထိုးနေပါတယ် နယ်စားမင်း"

ပြီးတော့ ညစ်ဆော့လို့ ကျွန်တော်တို့ ညီနောင်တွေလဲ ပြုတ်ပြုတ်ပြုန်းနေပါပြီ..။ ဒါတော့ ထုတ်မပြောရဲဘူး..။ ကြောက်တယ်..။

ဝမ်ရိပေါ်က ခေါင်းတချက်ယမ်းလိုက်ပြီး ဥယျာဉ်ထဲ လိုက်သွားသည်..။ ဟော.. တွေ့ပါပြီ..။ အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်မှာ ကျားထိုးနေသည့် ရှောင်းကျန့်နှင့် သက်တော်စောင့်တွေ..။ ရှောင်းကျန့်ရှေ့မှာ ငွေပုံကြီး..။ ဟိုကောင်တွေ မျက်နှာကတော့ ပြိုတော့မည့် မိုးနှယ်..။

"ဟော.. ငါနိုင်သွားပြန်ပြီ.. အားနာစရာကြီး.. "

"ကြင်ယာတော်လေး.. အဲ့နေရာကနေ ရှေ့တည့်တည့် စားလို့မရဘူးလေ.. ထောင့်ဖြတ်ပဲ တက်ရမှာကို"

"ငါ တက်ချင်သလို တက်မှာပေါ့.. မင်းစဉ်းစားကြည့် မင်းရဲ့ ဘေးနှစ်ဖက်မှာ နံရံတွေ ပိတ်နေရင် ရှေ့တည့်တည့်ပဲ သွားလို့ရမှာပေါ့"

"ကျန့်ကော"

ရိပေါ် အသံကြားသည်နှင့် ရှောင်းကျန့်က ဟွန့်ကနဲ တချက်လုပ်ပြီး ဟိုဖက်လှည့်သွားသည်..။

"ကျန့်ကော မဆိုးနဲ့တော့"

"ဟျောင့်တွေ.. ဧည့်သည်ကို ပြန်ပို့လိုက်"

အံမယ်.. အံမယ်..။ လုပ်သေးတာ ဒင်းလေးက..။ ရိပေါ် သက်တော်စောင့်တွေကို မျက်ရိပ်မျက်ခြည်ပြပြီး ထွက်သွားခိုင်းလိုက်သည်..။

"ကျန့်ကော.. ကျန့်ကောလို့"

"သွားပါ.. မင်းရဲ့ကောင်မနဲ့ သွားနေနေချည်"

"ကျန့်ကောကလဲဗျာ.. အလုပ်ကိစ္စ ဆွေးနွေးတာပါဆိုနေ"

"အလုပ်ကိစ္စကလည်း လေးငါးရက်တောင် နေ့စဉ်ရက်ဆက်လား"

"အဲ့လို ဖြစ်သွားလို့ပါ ကျန့်ကောရယ်.. ဒီအသည်းတုံးလေး ရှိနေတာကို ကျွန်တော်က ဘယ်သူ့ကို ဘယ်စိတ်နဲ့ ပစ်မှားရမှာတုန်း.. ကျွန်တော့်မှာ ဒီရက်ပိုင်း နေလည်း သိပ်မကောင်းတာကို ကျန့်‌ေကာကပါ လူကို စိတ်မကောင်းဖြစ်အောင် စိတ်ကောက်နေတယ်"

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now