Part - 14

3.7K 257 34
                                    

သုံးရက်...

ရှောင်းကျန့် ကောင်းကောင်းမအိပ်ရတာ သုံးရက်..။ မျက်တွင်းဟောက်ပက်နဲ့ ပြူးတူးကြောင်တောင်ဖြစ်နေတာ သုံးရက်..။

မင်းတို့ တလွဲတွေ တွေးမနေကြနဲ့ဦး..။ ငါပြောပြမယ်..။

မင်းတို့ပဲစဉ်းစားကြည့်..။ အရွယ်ရောက်နေတဲ့ ယောကျာ်းတယောက် ဖြစ်တဲ့ အစစအရာရာ ပြည့်စုံကြွယ်ဝလို့ ငါ့ကိုတောင် မှီခါနီးဖြစ်တဲ့ ဝမ်သခင်လေးက အိပ်ပျော်ရင်း လမ်းထလျှောက်တယ်တဲ့ ဖြစ်သင့်လား..။

ငါဆယ်တန်းတုန်းကတော့ Sleepwalking is most common among children and adolescents လို့ပဲ သင်ရတာပါ..။ အခုဟာ ကလေးလဲမဟုတ် ဆယ်ကျော်သက်လဲ မဟုတ်တဲ့ အသက်နှစ်ဆယ်ကျော် ဘိုးတော်ကြီးလေ..။ ဒင်းက အိပ်ပျော်ရင်း လမ်းထလျှောက်တယ်တဲ့..။

လျှောက်တာကလဲ ထူးထူးဆန်းဆန်း..။ ရှီအိမ်တော်က တခန်းထဲ ကုတင်နှစ်ခု စီစဉ်ပေးထားတာကို ညတိုင်းညတိုင်း သူ့အိပ်ရာကနေထပြီး ငါ့အိပ်ရာဆီ တန်းတန်းမတ်မတ်ပဲ..။ ငါ့အိပ်ရာထဲ ခပ်တည်တည်ဝင်လာပြီးရင် ခိုအားလားကောင်လို ငါ့ကို သိမ်းကျုံးပွေ့ဖက်ပြီး အိပ်ပါရောလား..။

ငါများ နည်းနည်းလေး ရုန်းဟယ်ကန်ဟယ် လုပ်လို့ ပွတ်တိုက်မှုလေး နည်းနည်းရှိကြည့်.. နည်းနည်းလေးပဲနော်.. ဒင်းညီလေးက တန်းထောင်လာတာ..။ ငါ့မှာ လှုပ်တောင်မလှုပ်ရဲဘူး..။ အသက်အောင့်ပြီး သတိထားအိပ်နေရလို့ အိပ်ရေးတွေပျက် မျက်တွင်းတွေကျ..။

ဒါကို ဒင်းတပည့်တွေကလည်း ဘာတွေ ထင်နေမှန်းမသိဘူး..။ နေ့တိုင်းငါ့ကို စာနာသနားတဲ့ အကြည့်နဲ့ ကြည့်တဲ့သူနဲ့..။ ပခုံးပုတ်ပြီး တောင့်ထားလို့ အားပေးတဲ့သူနဲ့..။ ဂျင်စင်းတွေ ငှက်သိုက်တွေ လာတိုက်တဲ့သူနဲ့..။

မနက်မိုးလင်းလို့ နိုးလာရင် တောင်းပန်မယ်ထင်လား..။ ဘာမှမဖြစ်သလို ဆက်အိပ်တာ..။ အမယ်.. ပိုပြီးတောင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သေး..။

ဒင်းအဲ့လို လုပ်တာနဲ့ ငါ့ရဲ့ သံမဏိလို ဖြောင့်တဲ့ အဖြောင့်ကလည်း ဒင်းရင်ခွင်ကျယ်ကြီးထဲမှာ နေသားကျပြီး နည်းနည်းကွေးချင်နေပြီ..။ လုပ်ကြဦး.. ရှောင်ရှောင်းကျန့်လေး မပျော်တော့ဘူး.. အူးဝါး...။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now