Part 4

3.9K 301 21
                                    

"အဲ့ဒီ​တော့ သား​​တော်က ရှီး​ပေကို လိုက်သွားမှာ​ပေါ့"

"ဟုတ်ပါတယ် ဖု၀မ်... "

​ရှောင်းမင်းကြီးက သိပ်စိတ်ချပုံမ​ပေါ်..။

"သား​တော်အတွက် ကိုယ်ရံ​တော်တပ်ဖွဲ့ တဖွဲ့ ထည့်​ပေးလိုက်မယ်"

"ရပါတယ် ဖု၀မ်.. ရှီး​ပေနယ်စားနဲ့ လိုက်သွားတာ အကုန်သိ​နေတာပဲ.. တခုခုဆို သူပဲ​ခေါင်းခံရမှာဆို​တော့ ​ထွေ​ထွေထူးထူး မကြံစည်ရဲ​​လောက်ပါဘူး"

​ရှောင်းကျန့်မှာလည်း သူ့အကြံနဲ့သူ..။ ကိုယ်ရံ​တော်တပ်ဖွဲ့ဆိုတာက ၁၀၀ ရာခိုင်နှုန်း ယုံကြည်ရပါ့မလား..။ မ​တော်လို့ သူအတိတ်​မေ့​နေတာ အစ်ကိုနှစ်ဆီ ​ပေါက်ကြားသွားတာက ပိုအန္တရာယ်ရှိမယ်..။ ၀မ်ရိ​ပေါ်ဆိုတဲ့​ကောင်က နည်းနည်း အကျင့်ပုပ်ရုံကလွဲရင် ထီးနန်းကို လိုချင်​နေတာမျိုးမဟုတ်ဘူးလို့ သူ​တော့ထင်တာပဲ..။

"ဖြစ်ပါ့မလား.. သား​တော်ရဲ့ သိုင်းပညာ​တွေကလည်း ပြန်ရ​သေးတာ မဟုတ်​တော့"

"ဖြစ်ပါတယ် ဖု၀မ်ရဲ့..  တအားကြီး စိုးရိမ်မ​နေပါနဲ့"

​ရှောင်းမင်းကြီး သက်ပြင်းချလိုက်သည်..။ ဒီက​လေး ​ခေါင်းမာတာ​တော့ အရင်လိုပဲ..။

"​ကောင်းပြီ​လေ.. သား​တော်တို့ ဘယ်အချိန် ထွက်ကြမှာလဲ"

"​နောက်သုံးရက်​နေရင်"

***

သုံးရက်​မြောက်​နေ့...။

​ရွှေ​ရောင်​နေခြည်တို့က ​လောကတခွင်ပက်ဖျန်းရန် တာစူ​နေကြသည်..။ နန်းမြို့​တော်က အသက်၀င်လှုပ်ရှားစ ပြုပြီ..။ ဟိုဟိုသည်သည်မှာ သွားလာလှုပ်ရှားနေကြ​သော အရပ်သူအရပ်သားတို့ကလည်း တ​နေ့တာ၏ ​နေ့သစ်ကို အစပျိုးရန် ပြင်​နေကြပြီ..။

​ရွှေနန်း​တော်၏ အ​ရှေ့တံခါးတွင်လည်း ရှီး​ပေသို့ ထွက်ခွာမည့် ခရီးစဥ်က အသင့်ဖြစ်​နေပြီ..။ လူက သိပ်​တော့မများ..။ လဲ့အာနှင့် အပျို​တော်တဦးလိုက်ပါမည့် မြင်းရထားတလုံး..။ ရှီး​ပေနယ်စား၀မ်ရိ​ပေါ်.. အိမ်​ရှေ့စံ​ရှောင်းကျန့်နှင့် ရှီး​ပေနယ်စား၏ ကိုယ်ရံ​တော် ဆယ်​ယောက်ခန့်သာ..။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWhere stories live. Discover now