Part 3

4.1K 298 22
                                    

၀ှီး... ဒုတ်

မြားက ပစ်မှတ်၏ အလယ် တည့်တည့်...။ ​ရှောင်းကျန့် သက်ပြင်းချလိုက်သည်..။ အရင်​ရှောင်းကျန့် ကျွမ်းကျင်သည်ဆို​သော အရာများကို သူပြန်သင်ယူ​နေခြင်း...။

မြင်းစီးတာလည်း အကျွမ်းကြီးမဟုတ်​ပေမယ့် ​တော်ရုံ​လောက်​တော့ စီးနိုင်သည်..။ မြားပစ်တာလည်း မဆိုး.။ ခက်​နေသည်က သိုင်းပညာ...။

​ရှောင်းဘုရင်ကြီးက မင်းမှုထမ်း​တွေ အားလုံးကို ထွက်သွားခိုင်းပြီး သူနှင့် တကွက်နှစ်ကွက်​လောက် သိုင်းပညာ ဖလှယ်ကြည့်တာကို မှတ်မိ​သေးသည်..။

ရှက်ဖို့ ​ကောင်းလိုက်တာ...။

​ရှောင်းဘုရင်ကြီးက သူ့ကို ဓါးဖြင့် အားရှိသ​လောက် ခုတ်ခိုင်းသည်..။ သူလည်း အားရပါးရ ခုတ်တာပဲ..။ ဘုရင်ကြီးက ဓါးဖြင့် တချက် ကာလိုက်ရုံဖြင့် သူ့လက်ထဲ ကျင်ကနဲ ဖြစ်ပြီး ဓါးလွတ်ကျသွားသည်..။

တကွက်​တောင် ပြည့်လိုက်ရဲ့လား...။

သူ့ ခမည်း​တော်ဘုရင်ကြီးက​တော့ အား​ပေးရှာပါသည်..။ ဘုရင်ဖြစ်ဖို့ သိုင်းပညာ ​ကောင်းစရာ မလိုဘူးတဲ့..။ မြင်းပေါ်က ပြုတ်ကျလို့ သိုင်းပညာ​တွေ ပျက်စီးသွားတာဟု ထင်​နေသည်..။

ဘာလို့ သူ့ကျ သိုင်းပညာ​တွေကို မမှတ်မိတာလဲ မသိ..။ ရှန်ချင်းချိုးတို့ဆို နဂိုမူလ သိုင်းပညာ​တွေ ရတာပဲကို..။

​လော​လောဆယ်​တော့ နန်း​တော်ထဲမှာ သိုင်းပညာ ထုတ်သုံးစရာလည်း မလို​သေးပါဘူး​လေ..။ 

​ရှောင်းကျန့် စိတ်ညစ်ညစ်နှင့် ကြာကန်ဘက် ထွက်လာခဲ့သည်..။ ကြာကန်က လဲ့အာတို့ အ​ဆောင်သွားသည့်လမ်းမှာ..။ ကန်​ရေပြင်ကို ဖြတ်တိုက်လာသည့် ​အေးမြ​သော ​လေ​ပြေညင်းကို ခံစားလိုက်ရ​တော့ သူ့စိတ်​တွေ အနည်းငယ် လန်းဆန်းသွားသည်..။

သူတ​ယောက်ထဲ ​နေချင်၍ ​နောက်​တော်ပါ ကုန်းကုန်းနှင့် အပျို​တော်တသိုက်ကို ပြန်လွှတ်လိုက်သည်..။

ကန်ထဲမှာ ကြာမျိုးငါးပါးက လှပစွာ ပွင့်ဖူး​နေကြသည်..။ ​ရှောင်းကျန့် ကြည့်ရင်း The Untamed ထဲက ​လှေ​ပေါ်မှာ ကြာ​စေ့​တွေစားသည့် BTS ကို သွားသတိရမိသည်..။ စားလို့​ကောင်းလားမသိဘူး​နော်..။ ငါ့မှာ​တော့ ခူး​ပေးမယ့် ဟန်ကွမ်းကျွင်း မရှိ​တော့ ကိုယ့်ဟာကိုယ် ခူးရမှာပဲ..။ ဟို ကုန်းကုန်းတို့ကလည်း သွားဆိုတာနဲ့ တကယ်သွားကြတာပဲ..။ အနီးအနားမှာ တိတ်တဆိတ်ရပ်ပြီး ကာကွယ်​ပေးမယ်မရှိဘူး...။

အတိတ်ကို ပြန်​ရောက်သွား​ပေမယ့် ​ရှောင်​ရှောင်းကျန့်​လေးကမ​ကွေးဘူးWaar verhalen tot leven komen. Ontdek het nu