ထိုအချိန် အိမ်အရှေ့ကနေ ၀င်လာတဲ့ ၀မ်မားက ရှောင်းကျန့်ကိုမြင်တော့။ အံ့သြသွားပြီး အနားလာကာ။

"သားရှောင်း မျက်နှာမှာလဲချွေးတွေနဲ့ပါလား"

"အ့ အ့ ဟုတ်တယ် မား ဒါနဲ့ မောင်ရော"

ရှောင်းကျန့် ၀မ်မားမေးရင်း ပြောလိုက်တာကြောင့်
၀မ်မားက သက်ပျင်းချကာ။
ရှောင်းကျန့်ကိုတစ်ချက်ပြန်ကြည့်လာတယ်။ ရှောင်းကျန့်လည်း ၀မ်မားမျက်နှာအမူအယာအကဲခက်ပြီးကြည့်နေမိတယ်
လူကလည်း ကတုန်ကယင်နဲ့။

"သား၀မ် လွန်ခဲ့တဲ့ 1နာရီလောက်က ရှီမီနဲ့ အပြင်ထွက်သွားတယ်"

၀မ်မား ပြောတော့ ရှောင်းကျန့်မျက်နှာကွက်ကနဲပျက်သွားတယ်။
၀မ်မားမြင်ဖြစ်အောင်မြင်လိုက်သေးသည်။
သူလည်း သက်ပျင်းသာချနိုင်တော့တယ် ၀မ်ဖိုးဖိုးနဲ့ သူသားကြားထဲကို သူလည်းမ၀င်ရဲ

သားရှောင်းလေးလည်း သနားတယ်။

ရှောင်းကျန့်လည်း ၀မ်မားကို ခပ်၊ရေးရေးပြုံးလိုက်ပြီး
ဘာမေးခွန်းမှထပ်မမေးတော့ဘူး
ထပ်မမေး ရဲတော့တာ သူအခု မောင်ကိုတောင်မပိုင်တော့သလိုပဲ။

"ဒါဆို ကျန့်ကျန့် အိမ်ပြန်တော့မယ် ၀မ်မား "

"သားရှောင်း ဒီမှာပဲ ညအိပ်တော့ပါလား ညနေစောင်းနေပြီ။"

"ရပါတယ်မား ကျန့်ကျန့် ရတယ် "

ရှောင်းကျန့်ထော့နဲ့ ထော့နဲ့သွားနေပုံကိုကြည့်ပြီး ၀မ်မား မျက်နှာရဲကနဲဖြစ်သွားတယ်။ ဒီကလေးတွေ လက်မထပ်ရသေးဘဲအတူတူနေ နေကြတာလား?

ရှောင်းကျန့်လည်း နာကျင်နေတာဘေးဖယ်ပြီး။ သူကားပေါ်တပ်ကား ၀မ်အိမ်တော့မှ မောင်းထွက်လာခဲ့တယ်။
မောင်ဆီလည်း ဖုန်းမစက်ချင်ဘူး။ မောင်ဘက်ကလည်း မစက်ဘူး။

ကားကိူအရှိန်နဲ့မောင်းလာတော့တယ်။
အိမ်ကိုဘယ်လိုအထိရောက်က်လာလဲ သူမသိတော့။

နာကျင်မှုကို လျစ်လျှူရှုကာ သူအခန်းထဲပြေး၀င်လာတော့တယ်။
စားပွဲတင် အံဆွဲထဲက ဆေးကဒ်ကိုယူသောက်ပြီး။ အိပ်ယာပေ်လှဲချလိုက်တယ်။

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now