************************
အလိုမကျမှုတွေနှင့် ကျန်ခဲ့ရသော အခြေအနေတစ်ရပ်မှာ မြောင်ဟိုတစ်ယောက် ကို့ယို့ကားယားနှင့် .....
ဘာလဲ ..? သူမောင်းထုတ်တာနှင့်ပင် ထွက်သွားရသလား ..?
" ရန်စွာတတ်တာကတော့ အရင်အတိုင်းပဲ "
မထွက်သွားခင် ပြုံးလျက်ပြောခဲ့သည့်စကား။
" ဆောမြောင်ဟို ... ဒီကိုလာဦး "
လွတ်ရာကျွတ်ရာ ရှောင်ထွက်မလို့လုပ်သော်လည်း စကားပြောနေရာမှ အာပါးကလှမ်းခေါ်သည်။ မျက်နှာချင်း မဆိုင်ချင်ပါဘူးဆို အာပါးကလဲ ....
ဂင်မင်ဂယူးရှေ့ရပ်နေရသည့် သူ့ကိုယ်သူလည်းအားမရပါ ... ဘာလို့များ ဟိုဂျစ်စုတ်စုတ်ကတောင် လူကြီးဖြစ်သွားတဲ့အချိန်မှာ မြောင်ဟိုက ဘောင်းဘီတိုလေးနှင့် မပြောင်းမလဲ ကလေးရုပ်ထွက်နေတုန်းလဲ ...
" ဒါဦးလေးပြောနေကျ သားလေ ... အိမ်ပြန်မလာတာ အတော်လေးကြာပြီမို့ အခုမှ ဦးလေးတို့တောင် မျက်နှာမြင်ရတာ "
နှုတ်မဆက်ပဲ ပေကပ်နေတော့ အာပါးက စောင်းကြည့်သည်။ သူ့သား ဒီလောက်ယဉ်ကျေးမှုမရှိတာ မဟုတ်ပါဘူးဟူသည့်အကြည့်နှင့် .... မြောင်ဟိုကတော့ နေရခက်တာနှင့်ပင် မသိယောင်ဆောင်ကာ ထူပေပေရပ်လျက်
" ဘာရပ်လုပ်နေတာလဲ ဒါငါပြောတဲ့ Supermarketက ပိုင်ရှင်လေ .... နှုတ်ဆက်လိုက် "
အာပါးကို စောင့်ငဲ့ကြည့်မိသည်။ ဂင်မင်ဂယူးကို အာပါးက မမှတ်မိဘူးလား ...
ဂင်မင်ဂယူးဆီကရယ်သံထွက်လာတော့ မြောင်ဟို့မျက်စောင်းက ဂင်မင်ဂယူးဆီရောက်သွားသည် ။ ဘာရယ်တာလဲ သူက ...
"ဦးလေးသားက ကျွန်တော့်ဆရာလေ ... ကျွန်တော် ဒီလိုက်လာဖူးသားပဲ ဖောက်သည်စယူကတည်းက မှတ်မိမလားစောင့်နေတာကို ... ကျွန်တော့်ကို မမှတ်မိဘူးလား "
မျက်မှောင်ကြုံ့ကာ အတန်ကြာစဉ်းစားတွေးတောနေပြီးမှ အားနာဟန်နှင့် အာပါးအခြေအနေကြည့်ရတာ အခုထိလည်းမှတ်မိဟန်မတူ ...
"ကျွန်တော် Europe သွားကတည်းက ဒီကလူတွေနဲ့အကုန်အဆက်အသွယ်ပြတ်သွားတာ ... ဦးလေးက မမှတ်မိတော့ စိတ်တောင်မကောင်းဘူး "
YOU ARE READING
DON'T BABY ME [Short Story] [COMPLETE]
Short StoryIt's a story about the relationship between a teacher and his student.