EP-2

442 52 2
                                    

*****

သုံးရက်.... သုံးရက်ရှိပြီ။

ဟိုကောင်လေးကို ကျောင်းမှာ မ‌တွေ့ရတာ သုံးရက်ရှိပြီ။ တော်တော်လေး နေမကောင်းဖြစ်နေတာလား။ သူ့ဆီကကူးသွားတာဆိုတော့လည်း အနည်းငယ် မလုံမလဲနှင့် ဖြစ်နေမိသား။ သူတို့အတန်းပိုင်ဆရာကို မေးမိတော့လည်း ဘာဖြစ်မှန်းမသိပဲ မကြာခဏ ခွင့်မဲ့ ပျက်ကွက်လေ့ရှိသည်ဟုသာ ပြန်ဖြေသည်။ မြောင်ဟိုဖျားနေတဲ့နေ့ကလည်း ကျောင်းမသွားပဲ အိမ်မှာပေကပ်ပြီးလာနေထားသေးတာ။ ဘယ်အချိန်ဘယ်လိုထပြန်သွားလဲ မသိလိုက်ပေမယ့် နိုးလာပြီး အခန်းထဲမှ ထွက်လာတော့ မီးဖိုချောင်ထဲတွင် အေးစက်နေသည့် ဆန်ပြုတ်တခွက်နှင့် ပွစာကျဲလျက်ရှိသည့် သူ၏ မီးဖိုချောင်။ ဘာမှမလုပ်ဖူးသည့် သူဌေးသားလေးက ဆန်ပြုတ်တစ်ခွက်ရအောင် ကြိုးကြိုးစားစားတော့ လုပ်သွားရှာတာပဲ။

ဘာပဲဖြစ်ဖြစ် ကျောင်းပြန်လာသည့်ရက်တွင်တော့ ခဏခဏကျောင်းမပျက်ဖို့ရာ နားချကြည့်ရမည်။ ကိုယ့်စကားဆို ဘာလို့မှန်းမသိ နားထောင်တတ်တာဆိုတော့လည်း ။ ပြန်လှန်တောင်းဆိုချက်တွေ များပေမယ့်လည်းပေါ့ ....

ကျောင်းဆင်းချိန်တွင် ပစ္စည်းများသိမ်း၍ အိတ်ဆွဲလျက်ပြန်လာရာ ကျောင်းပေါက်ဝအရောက် ဆိုင်ကယ်နှင့် ရပ်စောင့်နေသည့် ကိုယ်တော်ချောသည် မသိလျှင် ကျောင်းသားမဟုတ်သည့် အပြင်လူလိုလို။ မြောင်ဟို့ကို မြင်တော့ လက်လှမ်းပြ၍ သွားစွယ်ဖွေးဖွေးတို့ပေါ်လာအောင် ပြုံးရယ်ပြနေသေးသည်။

"ကျောင်းတော့မလာပဲ ဒီမှာဘာလာလုပ်နေတာလဲ?"

"ဆရာ့ကို လာကြိုတာ သွားစို့"

ဆိုင်ကယ်ဦးထုပ်ကိုစွပ်ပေးပြီး မေးသိုင်းကြိုးပါ တပ်ပေးပြီနောက် အိမ်လိုက်ပို့သည့် အပြန်လမ်းတောက်လျှောက် ဘာစကားမှမပြောဖြစ်။ အိမ်ရှေ့ရောက်တော့လည်း ဦးထုပ်ကို သူကိုယ်တိုင်ချွတ်ပေးသည်။ ပုံပျက်ကာ ပွသွားသည့် ဆံပင်တို့ကို ပြန်သပ်ပေးသည်အထိ ထိုကောင်လေးသည် အင်မတန်ရဲတင်းသည်။ ဂင်မင်ဂယူး၏ပုံစံကို ခေါင်းစဉ်တပ်ရသည်မှာ မြောင်ဟို့အတွက် ခက်ခဲလေသည်။ လိမ္မာသည်မဟုတ်သော်လည်း ဆိုးဆိုးဝါးဝါးကြီး မိုက်ရိုင်းနေတာမဟုတ်။ တခြားဆရာတွေနှင့်တော့ မသိပေမယ့် မြောင်ဟိုကိုဆို ကလန်ကဆန်သိပ်လုပ်လေ့မရှိ။ သို့သော် ပြောလို့ဆိုလို့ကောင်းသည်လားဆိုတော့လည်း မဟုတ်ပြန် အဓိပ္ပာယ်ဖော်ရခက် နားလည်ရခက်သည့်အပြုအမူများကို ဇိုးကနဲ ဇက်ကနဲလည်း လုပ်တတ်သေးသည်။ စိတ်ကြီးဝင်သည့် အသက်အရွယ်အပိုင်းအခြားမို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်ရခြင်းများလားမသိပါ။

DON'T BABY ME [Short Story] [COMPLETE]Where stories live. Discover now