174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း

Start from the beginning
                                    

"ကျုပ်တို့အိမ်မှာ ဒီလောက်ဆိုးတဲ့မြင်းရထားကို ဘယ်တုန်းကရခဲ့တာလဲ" မိုယုက မို့ရွှီတုန်းကိုလှည်းပေါ်တက်ရန်ကူညီပေးရင်း သူမကိုယ်သူမ မကျေမနပ်ရေရွတ်လိုက်တယ်။

"ဒါက မြင်းရထားပဲ၊ မင်းဘာလို့ ဒီလောက်ပြောစရာရှိနေတာလဲ ၊ မင်းလျှာက တကယ်ထက်မြက်တယ်" မို့ရွှီတုန်းသည် နန်းတော်အဝင်ဝတွင် ရှိနေသောကြောင့် ထိုအရာကို စိတ်မ၀င်စားပေ။  သူမသည် မိုယု၏လက်ကိုဆွဲကာ တွန်းလှည်းထဲသို့ ဝင်သွားသည် ။  ကန့်လန့်ကာတွေ ရုတ်လိုက်ပြီး ကန့်လန့်ကာကနေ မိုယု၏လက်မဟုတ်သော လက်တစ်ဖက် ထွက်လာခဲ့သည် ။ ထိုလက်သည် မို့ရွှီတုန်း၏လက်ကို ဆုပ်ကိုင်ထားပြီး သူမအား ရထားပေါ်သို့ အတင်းဆွဲတင်လိုက်သည်။ မို့ရွှီတုန်းသည် ဟန်ချက်ပျက်သွားကာ ရထားပေါ်သို့ လဲကျသွားသည်။

သူမကိုယ်သူမ တွန်းထုတ်ဖို့ မသိစိတ်က ထွက်လာတယ်။  သူမသည် ယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲသို့ ကျသွားကြောင်း သူမ သိလိုက်သည်။  ယောက်ျားလေး၏ ရနံ့သည် သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုသူသည် သူမ၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ရစ်ပတ်ထားသောကြောင့် ထိုလူသည် သေချာပေါက် ယောက်ျားဖြစ်သည်ကို သူမ နားလည်သွားစေသည်။  သူမကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာ ဘယ်သူလဲ???

“မမလေး !” မြင်းလှည်းအပြင်ဘက်ရှိ မိုယုက တစ်ခုခု မမှန်မှန်း သိလိုက်၍ သူမ ရှိုက်ကြီးတငင် အော်လိုက်သည်။

"မိုယု၊ တို့အဆင်ပြေပါတယ် ၊ မင်း မိုရီကိုစောင့်ပါ။ ငါအရင်ထွက်သွားမယ်" မို့ရွှီတုန်းက တည်ငြိမ်စွာပြောလိုက်ပါတယ်။  တကယ်တော့ သူမ စိတ်ရှုပ်နေခြင်းဖြစ်သည် ။  အမှောင်ထဲမှာ တခြားသူကဘယ်သူလဲဆိုတာ သူမ မမြင်နိုင်တော့ဘူး။  ထိုယောက်ျားက သူမအပေါ် စေတနာဆိုးတွေ ပေါက်ဖွားနေတာကို သူမ သိလိုက်သည် ။  ညသန်းခေါင်မှာ နန်းတော်အဝင်ဝမှာ သူမကို ပြန်ပေးဆွဲတယ်။  သူမက အခု သူလက်ထဲမှာပဲ ရှိပြီး သူမရဲ့ဂုဏ်သိက္ခာလည်း ပျက်စီးသွားလိမ့်မည် ။ သူမသည် အခုခံစားရတဲ့ အကြောက်တရားကို တွန်းလှန်ခဲ့တယ်။  မြင်းရထားက စတင်ရွေ့နေပြီဖြစ်သည် ။ အကယ်၍ သူမသည် မိုယုကို အကြောင်းပြချက်မရှိဘဲ ချန်ထားခဲ့မည်ဆိုလျှင် ဤအကြောင်းကို မိုရီနှင်မိုဖန် သိရှိလာမည်မှာ သေချာပါသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now