174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း

Start from the beginning
                                    

"ဒါကကောင်းတယ် ၊ သဘက်ခါ နှစ်သစ်မှာ ပျော်ရွှင်စရာ နှစ်သစ်ကိုဆင်နွဲဖို့ အဖွားဆီ လာလည်ဖို့ မမေ့နဲ့နော်။ "

“ကောင်းပြီ !”

နောက်ထပ်မြင်းရထားတစ်စင်းက တံခါးဝက တိုးထွက်လာသည်ကိုမြင်သောအခါ မို့ရွှီတုန်း လန့်ဖျပ်သွားသည်။ လုအိမ်တော်၏ရထားသည် ထိုရထားကြောင့် ရှေ့သို့ ရွှေ့ရန်မှတပါး ရွေးချယ်စရာမရှိပေ။  လူစုလူဝေးအများစုသည် ထွက်ခွာသွားကြပြီး ရထားအများအပြား မကျန်တော့ပေ။  မိုယုသည် ခြေချောင်းများပေါ်တွင် ရပ်ကာ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း သူတို့၏ ရထားကို ရှာမတွေ့ပေ။  သူမ မကူညီနိုင်ဘဲ စိုးရိမ်နေမိသည်။

"အိုး ၊ ကျုပ်အခုမှ သတိရမိတယ် ။ ပထမသခင်မလေးက မြင်းလှည်းကို ဒီမှာထားခဲ့တယ်။  စောစော သူမထွက်သွားတုန်းက သူမ ရထားကိုယူသွားသင့်တယ်။ ပထမသခင်မလေးက အိမ်ပြန်သွားရင်တောင် ဒီမြင်းလှည့်ကို ဘယ်သူမှလာမကောက်ဘူးလား "

မို့ရွှီတုန်းသည် မို့ရွှမ်မင်၏ရထားဖြင့် နန်းတော်သို့ ရောက်ရှိလာခဲ့သည်။  နန်းတော်သို့ရောက်လာပြီးနောက် မို့ရွှမ်မင်သည် မည်သို့ပင်ပြောခဲ့သည်ဖြစ်စေ မို့ရွှီတုန်းကို သယ်ယူရန် ရထားတစ်စင်းကို ပို့ပေးလိုက်သေးသည်လား ။ ဧကရာဇ်နှင့် သူ၏အရာရှိများသည် စောစောစီးစီး အနားယူခဲ့ကြသည်။ သူ့အဖေက နန်းတော်မှာ ဖြစ်ပျက်ခဲ့တာကို သိပြီးသားဖြစ်မှာပါ။ ထိုကြောင့် အဖေသည် သူမအတွက် ရထားကို ဘယ်လိုမှ ပို့လိုက်တာမဖြစ်နိုင်ဘူး။

"မမလေး ၊ အမြန်ဝင်ပါ ၊ သခင်ကြီးက မမလေးကို အမြန်ပြန်လာဖို့ပြောတယ် " သူမတွေးနေရင်းနဲ့ မို့ရွှီတုန်းရှေ့မှာ မထင်ရှားတဲ့မြင်းရထားတစ်စင်း ထွက်လာခဲ့တယ်။ မို့ရွီတုန်းသည် ယာဉ်မောင်းကို အတန်ငယ်ရင်းနှီးသည်ကို တွေ့ရှိခဲ့သည်။  သူသည် သူတို့အိမ်မှ ဖြစ်ပုံရသည်။ မို့အိမ်တော်သို့ပြောင်းပြီးနောက် သူမသည် မကြာခဏ အပြင်ထွက်လေ့မရှိသောကြောင့် ထိုနေရာတွင် အလုပ်လုပ်နေသူတိုင်းကို သူမမမှတ်မိနိုင်ပေ။

မို့ဟွာဝမ်သည် သူမကို သူ၏ကိုယ်ပိုင်ရထားကိုပေးခဲ့ပြီး ထိုယာဉ်မောင်းကိုသာ အသိအမှတ်ပြုခဲ့သည်။  သို့သော် ထိုရထားသည် ပျက်စီးသွားခဲ့သည် ။ အဲ့ဒါကြောင့် သူ့အဖေက သူ့မကိုသယ်ဖို့ တွန်းလှည်းငယ်လေး ပို့လိုက်တယ်။  ရထားသည် သာမာန်ပုံပေါက်ပြီး မို့အိမ်တော်ပိုင်ကြောင်း သက်သေပြရန် အမှတ်တံဆိပ်တစ်ခုမျှ မရှိခဲ့ပါ။  ရထားမောင်းသူက မရင်းနှီးဘူးဆိုရင်တော့ ဒီရထားဟာ မို့အိမ်တော်နဲ့ ဆိုင်တယ်ဆိုတာ သူမသိမှာ မဟုတ်ပါဘူး။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now