မောင်ရဲ့ပုံစံက ကြောက်ရွံမူကိုမရှိနေ...ခပ်အေးအေးသာမာန်
အပြုအမူနဲ့ အရင်လို အမူအရာတွေနဲ့သာ။ဧည့်ခန်း ကျွန်းသစ်ထိုင်ခုံတွေနဲ့ လှပခန့်ညားစွာအလှဆင်
ထားတဲ့ ကနုတ်ပန်းလက်ရာတွေပါဝင်နေပါသော ထိုင်ခုံပေါ်
တွင် အမိန့်က ထိုင်လိုက်ကာ ရိုးကိုပါ ဘေးနားယှဉ်ထိုင်
ခိုင်းလိုက်ပြီးနောက် တစ်စုံတစ်ရာကို စောင့်ဆိုင်းလျက်။ထိုစဉ်မှာတော့....
တိမ်လွှာမြင့်မိုရ်ရဲ့ အနီးကပ်လူယုံတော်လိုဖြစ်နေတဲ့ သီတာ
လို့အမည်ရတဲ့ အိမ်စေကောင်မလေးက အပြေးအလွှားဖြင့်
အခန်းထဲသို့ ပြေးဝင်လာပြီး သတင်းပို့လေသည်။"မမလေး...မမလေးတိမ်လွှာ "
"ဘာလဲသီတာ...နင့်ကိုငါဘယ်နှစ်ခါပြောရမလဲ၊ အဲ့လိုအသိ
မပေးဘာမပေးပဲ အခန်းထဲဝင်မလာနဲ့လို့..ပြော အခုကကော
ဘာအကြောင်းလဲ..အော်ကြီးဟစ်ကျယ်နဲ့""ဟို...ဟိုလေ"
"အဲ့ ဟိုဟိုပဲလုပ်နေ..ပြောမဲ့ကိစ္စဆိုမပြောဘူး"
"သခင်လေး မင်းအမိန့်စည်း ပြန်လာပြီ...မမလေးတိမ်လွှာ"
"တကယ်..တကယ်လား"
"ဟုတ်တယ်...အခုအိမ်အောက်ထပ်မှာ ထိုင်စောင့်နေတယ်
အဲ့အကြောင်းကို မမလေးတိမ်လွှာကို လာသတင်းပို့တာ""တကယ်ပဲ အမိန့်ပြန်လာပြီပေါ့...ဝမ်းသာလိုက်တာ..ငါ
ဘယ်လောက်မျှော်နေခဲ့ရလဲ...နင်ကလည်းလေ စောစော
လာအသိပေးရောပေါ့""ဟို...အခုလည်းချက်ချင်း အသိပေးတာမမလေး"
"သူတစ်ယောက်တည်းလား...ဘယ်သူပါသေးလဲ"
"လက်ဆွဲပြီးကိုင်ထားတဲ့တစ်ယောက်တော့ပါတယ်၊ ဝင်လာ
တည်းက လက်ကိုကိုင်ထားတာ အခုထိကိုမဖြုတ်ဘူး..ပုံစံက
တော့ ရိုးရိုးအေးအေးချစ်စရာလေး၊ လှလည်းလှတယ်""နင်ကိုငါအဲ့ဒါတွေပါမေးနေလား...ဟို ကလိန်ကကျစ်ကောင်
ပဲနေမှာပေါ့...ဘာတွေမြူစွယ်ပြီးပြန်ပါလာလဲမှမသိတာ..ဖယ်စမ်း..အမိန့်ကိုသွားတွေ့ရအောင်"ဝမ်းသာရွှင်မြူးလို့ ထခုန်မတတ်ဖြစ်ကာ ရင်တလှပ်လှပ်ဖြစ်
နေသော ရင်ခုန်မူတွေနဲ့ သိမ့်ခါနေတဲ့ ပျော်ရွှင်နေတဲ့ကိုယ့်ကို
ကိုယ်ပင်တိမ်လွှာ မယုံနိင်။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL
Chapter...34
Start from the beginning