"ကိုသမ္ဘာနဲ့ တွဲနေတာလား"
သီးမလိုဖြစ်သွားသည့် ကော်ဖီကို အမြန် ထိန်းလိုက်ရလို့တော်သေးသည်။ကော်ဖီခွက်ကို အောက်ပြန်ချလိုက်ပြီးမှ.. ဝေဖြိုးအကြည့်ကို မရှောင်လွှဲဘဲ တည့်တည့်ပဲ ပြန်ကြည့်ကာ..
"မဟုတ်ပါဘူး။ ဘာလို့မေးတာတုန်း"
ဧကန္တ။ မနေ့ကများ.. ဝေဖြိုးက။
သူ့အကြည့်ကို ဝေဖြိုးကလည်း သဘောပေါက်ပုံထောက်သည်။အားနာသလို တစ်ချက်ပြုံးရယ်ပြရင်း
"အင်း. မနေ့ညက ငါ့ရဲ့ရေးရီလေးကို ကိုသမ္ဘာက အားရပါးရကြီး နမ်းနေတာမြင်လိုက်လို့"
မျက်နှာကို ရေနွေးပူဖြင့် ဖြန်းခနဲ အပက်ခံလိုက်ရသကဲ့သို့ ခံစားချက်ဖြင့် ဝေဖြိုးရှေ့တွင်တော့ ရေးရီ ထူပူစွာ ရှက်မိသွား ပါသည်။ယောင်ယောင်မှားမှားဖြင့် ခုနက ချထားလိုက်သည့် ကော်ဖီခွက်ကိုပဲ ပြန်ကိုင်ရမလို။ တစ်သျှူးပဲ ထုတ်ပြီး နှုတ်ခမ်း သုတ်သလိုလိုဖြင့်။
"အဲ့.. အဲ့ဒါက.."
"အဲ့ဒါကြောင့် တွဲနေတာလားလို့လေ။"
"မဟုတ်ပါဘူး။ မနေ့က သူလည်း မူးနေပြီး ငါလည်း နည်းနည်းရီဝေဝေဖြစ်နေတာ့ ဒီတိုင်းပဲ...အဲ့လို.."
ရေးရီက ထိုမျှသာ ဆိုသည်။ ဝေဖြိုးကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ဆက်မမေးတော့။ ယောကျာ်းမိန်းမမှ ပတ်သက်သင့်သည့် ဟူသည့် တရားသေပညတ်ချက်သဘောလည်း ဝေဖြိုးက စွဲကိုင်ထားသူ မဟုတ်လို့ ဖြူနုငယ်နှင့် မဟုတ်ဘဲ သမ္ဘာမြင့်မိုရ်နှင့်မို့ စိတ်ပဲချရမည်လား။ဒါမှ မဟုတ် ရည်းစားထည်လဲနှင့်သူမို့ ဆက်ပြီး အဆင်မပြေလောက်ဘူးဟုဘဲ သတ်မှတ်ရမည်လား။ ခေါင်းတောင် နည်းနည်းရှုပ်ထွေးသွားရသည်။ သူ ဒါကြောင့် ဒီလိုမျိုးတွေစိတ်ရှုပ်လို့ Single လုပ်နေတာ။
"မင်းက ရေးရီ မလား။"
ရုတ်ခြည်းဆိုသလို ရင့်သီးသည့် အသံနှင့် လူတစ်ယောက်က သူတို့ဝိုင်းက ခုံမှာ ဝင်ထိုင်လာသည်။ မျက်နှာကတော့ ချောမောသည်ဟု ဆိုလို့ရသည့်အနေအထား။ နှုတ်ခမ်းမွှေးစစနှင့် ရေးရီကိုကြည့်နေသည်က ရန်သူကြီးတစ်ယောက်လို။
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....
အပိုင်း-၉
Start from the beginning