သို့သော်လည်း ဒီနေ့တော့ လင်းဖန်က LV ၏ အဓိကရှယ်ယာဝင်တစ်ယောက် ဖြစ်လာခဲ့သည်။

ကုမ္ပဏီတစ်ခုလုံးက လင်းဖန် ဘယ်သူလဲဆိုတာကို နားလည်နိုင်ဖို့ အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ခဲ့ရပါသည်။

"မင်းတို့ ကြားပြီးပြီလား။ လခွမ်း ငါတို့ကုမ္ပဏီ ရှယ်ယာဝင် တကယ်ပြောင်းလဲသွားတာပဲ။"

"ဘာလဲဟ။ သူ့နာမည်က ဘာလဲ။ ဘယ်ရှယ်ယာဝင် ပြောင်းလဲသွားတာလဲ။"

"မင်း မသိဘူးလား။ သူက လင်းဖန်လို့ခေါ်တဲ့ တရုတ်လူမျိုးတစ်ယောက်ပဲ။ ငါတို့ကုမ္ပဏီရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ဝယ်သွားတာကွ။ ငါတို့ကုမ္ပဏီရဲ့ မားကတ်တန်ဖိုးက ယွမ် ၂၂၅ ဘီလီယံလောက် ရှိမယ်။ လင်းဖန်က ယွမ် ၂၂.၅  ဘီလီယံလောက်ကို အနည်းဆုံး သုံးလိုက်ရမှာပဲ။"

"လခွမ်း တော်တော်ချမ်းသာပါလား။ လင်းဖန်က ရှယ်ယာအများကြီးကို တစ်ခါတည်း ဝယ်ပစ်လိုက်တာ။ ငါတို့ထက်တောင် ပိုချမ်းသာလောက်တယ်။"

"ပြောစရာမလိုအောင် ငါတို့ကုမ္ပဏီတော့ ဆူပူသွားတော့မယ်ထင်တယ်။ လင်းဖန်ရဲ့ ပေါ်ပေါက်လာမှုကြောင့် ငါတို့ကုမ္ပဏီ တရုတ်စျေးကွက်ကို ပိုပြီး အာရုံစိုက်လာနိုင်တယ်။ သူရောက်လာရင် ဘော့စ်အသစ်က ဘာပြောမလဲ မသိဘူးနော်။ အရာရှိအသစ်တစ်ယောက်က အမြဲတမ်း နာမည်ရအောင်လုပ်တယ်လို့ ကြားဖူးတယ်။"

"အဲ့တာ ငါတို့နဲ့ မဆိုင်ဘူး။ ငါတို့ပိုက်ဆံရရင် ပြီးရောလေ။"

"စီအီးအို ဘာလုပ်ချင်လဲ မသိဘူးနော်။"

Chanel လိုပင် LV ၏ စီအီးအိုလည်း လင်းဖန်အကြောင်း တချို့အချက်အလက်များကို သိရှိပြီး ဖြစ်ပါသည်။

သာမန်လူတွေကတော့ ဒီလိုအချက်အလက်မျိုးကို ရှာတွေ့နိုင်မှာ မဟုတ်ပါ။ သို့သော်လည်း LVရဲ့ စီအီးအိုဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ။။ နေရာတိုင်းမှာ သူ့လူများ ရှိပါသည်။ လင်းဖန်အကြောင်း အချက်အလက်များ ရှာဖွေဖို့ဆိုတာ သူ့အတွက် အလွန်လွယ်ကူပါသည်။

သူ မရှာခဲ့ရင်တောင် ပိုကောင်းမည်။ သူ ရှာကြည့်လိုက်သောအခါ သူ ထိတ်လန့်သွားရပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now