♥19♥

1.9K 60 3
                                    

Part-19

~~~ring…… ring~~~

"အဟွတ် အဟွတ်…"

"ဖြေးဖြေးစားလေကွာ ဘာဖြစ်တာလဲ"

သွန်းငယ်တို့နေ့လည်စာ စားနေတုန်း ထမြည်သည့်ဖုန်းကြောင့်လန့်သွားရသည်။
ဖုန်းမြည်လို့လန့်တာထက် ဖုန်းပေါ်တွင်ပေါ်နေသည့် အမည်ကြောင့် အံ့သြသွားရခြင်း။

ဦးကဖုန်းခေါ်လာတာ။
ဦးပြန်လာပြီလား။
သွန်းငယ် ပါးစပ်ထဲကထမင်းကိုအမြန်မျိုချပြီးဖုန်းကိုင်လိုက်ရသည်။

"ဟဲလို ဦး"

~ဖုန်းကိုင်တာဘာလို့ကြာနေတာလဲ
စာသင်ချိန်မဟုတ်တာ ငါသိတယ်~

"သွန်းငယ် ထမင်းစားနေလို့ပါ
ဦးပြန်လာပြီလားဟင်အိမ်ရောက်ပြီလား"

~ညနေငါလာကြိုမယ် အဲ့ဒါလှမ်းပြောတာ~

"တ… တကယ်…လာကြိုမှာလားဦး"

~ထမင်းစားနေတာဆိုစားတော့ ဒါပဲ~

"ဟုတ် ဦး"

သွန်းငယ်ဖုန်းချပြီး အပျော်တွေလွန်နေမိသည်။
ဦးကကျောင်းကိုလာကြိုမယ်တဲ့လေ။

"ပျော်တာလဲပျော် ထမင်းလဲပြီးအောင်စားအုံး"

မဲ့ရွဲ့ပြောလာသည့်လင်းယံကို သွားဖြီးပြကာ
ရှေ့ကရေခွက်ကိုသာယူသောက်လိုက်သည်။

"မစားတော့ဘူး ဗိုက်ပြည့်နေပြီ"

"မျက်စိနောက်အောင်မလုပ်နဲ့အကောင်ပေါက်"

လင်းယံကိုဘာမှပြန်မပြောဘဲ
ဖုန်းပေါ်ကဦးနံပါတ်ကိုသာ ရင်ခုန်ခြင်းများစွာနဲ့ကြည့်နေမိသည်။
ဦးဖုန်းကိုမျှော်တုန်းကလဲရင်ခုန်ရသည်။
ဖုန်းလာတော့လဲ ရင်တုန်ရသည်။
ဦးကခံစားချက်မျိုးစုံကိုပေးနိုင်တဲ့တစ်ဦးတည်းသောချစ်ရသူ။

~~~~~~~~~~~~~~

"ဦးနိုင် ကျနော့်ကိုကုမ္မဏီပို့ပေးပါ"

"ဟုတ်ကဲ့ အကိုလေး"

"ညနေသွန်းငယ်ကိုကျနော်သွားကြိုလိုက်မှာမို့
ဦးနိုင်လာမနေနဲ့တော့"

"ဟုတ် ကားထားခဲ့ရမလားအကိုလေး"

"ယူသွားလိုက်ဦးနိုင်
ကုမ္မဏီကကားနဲ့ပဲသွားမှာ"

💙မချစ်ရင်💙 CompletedWhere stories live. Discover now