♥8♥

1.1K 41 0
                                    

Part-8

"အကိုလေး ဒီနေ့ သုတလေးစာမေးပွဲဖြေရက်လေ
မသွားတော့ဘူးလား"

"မသွားတော့ဘူး ဦးနိုင်
သူ့မိဘတွေသွားတာပဲ အဆင်ပြေမှာပါ
ကျနော် ယုငယ်ကိုလေဆိပ်လိုက်ပို့စရာလဲရှိတယ်"

"အော်"

"ဦးနိုင်အားရင် ရေကူးကန်ထဲကရေတွေထုတ်ထားပေးပါအုံး ဒါမှမဟုတ်လဲ အလုပ်သမားခေါ်လိုက်ပေါ့"

"ဟုတ်ကဲ့ အကိုလေး"

"ဒါဆို ကျနော်သွားတော့မယ်"

"ဟုတ်ကဲ့ပါအကိုလေး"

ဒီနေ့ကသွန်းငယ်ဆယ်တန်းစာမေးပွဲစဖြေမည့်ရက်ဖြစ်သည်။
ပြီးခဲ့တဲ့တစ်ပတ်ကတည်းက အလုပ်များနေတာနှင့်မို့ သွားမတွေ့ဖြစ်။
တမင်မသွားတာဆိုလဲမှန်သည်။
စာမေးပွဲပြီးရင် ပြန်လာမည့်သွန်းငယ်အား
ပို၍အလွမ်းကြီးစေချင်သည်။
ထိုကလေးငယ် စက်အပေါ် ဘယ်လောက်အထိ သံယောဇဉ်ကြီးတယ်ဆိုတာ တစ်နှစ်အတွင်းကောင်းကောင်းသိခဲ့ရပြီဖြစ်သည်။

သွန်းငယ်ပြန်လာတာနဲ့ ကိုမင်းထွဋ်က သူ့မိဘတွေအိမ်ပို့ဖို့စီစဉ်ထားတာကိုလဲ စက်သိသည်။
ဘယ်နည်းနဲ့မဆို သွန်းငယ်က ငြင်းလိမ့်မည်။
စာမေးပွဲကောင်းကောင်းဖြေဖို့ မှာထားသည်မို့
သွန်းငယ်ဖြေနိုင်မယ်ဆိုတာလဲ ယုံကြည်သည်။
ဒီနောက်ပိုင်းကိုမင်းထွဋ်က သံသယဝင်သလိုဖြစ်လာတော့ အချိန်တိုင်းသွားနေရင် ရိပ်မိနိုင်ဖွယ်ရှိတာမို့
စာမေးပွဲရက်တွေမှာ သွားမနေတော့။
သွန်းငယ်ပြန်လာရင်တော့ အားလုံးအဆုံးသတ်ပြီဖြစ်သည်။

ယုငယ်အိမ်ဘက်ကိုမဟုတ်ဘဲ ဆန့်ကျင်ဘက်စီဦးတည်မိသည့်ကားကို ပြန်ကွေ့ခဲ့ရသည်။
စင်္ကာပူရုံးခွဲတွင်စစ်ဆေးရန်ယုငယ်သွားရမည်ဖြစ်သည်။
သုံးလလောက်တော့ ကြာလိမ့်မည်။
ဒါကလဲသူမကို စက်တမင်ပထုတ်ထားခြင်း။
သူမရှိနေရင် လိုရင်းကို တော်တော်နဲ့ရောက်မည်မထင်။
မိန်းကလေးသဘာဝအတိုင်း ဟိုဒီကိစ္စတွေက ဖြစ်မလာမည်မဟုတ်လား။

ယုငယ်အိမ်ရှေ့ရောက်တော့ ကားဟွန်းနှစ်ချက်လောက်ဆင့်တီးလိုက်သည်။

"ကိုစက်အာကာ မမလေးက အထဲဝင်ထိုင်ပါအုံးတဲ့
သူမပြီးသေးလို့ပါ"

💙မချစ်ရင်💙 CompletedWhere stories live. Discover now